Hot Posts

6/recent/ticker-posts

မောင်တော ဝေလာတောင်နားတွင် ကုန်ပစ္စည်းတက်လာသည့် ထော်လာဂျီကားကို ARSA အဖွဲ့တိုက်ခိုက်၍ ဒေသခံ ၂ ဦးသေဆုံး

 မောင်တော ဝေလာတောင်နားတွင် ကုန်ပစ္စည်းတက်လာသည့် ထော်လာဂျီကားကို ARSA အဖွဲ့တိုက်ခိုက်၍ ဒေသခံ ၂ ဦးသေဆုံး


By - အန်နာ
Date - march 11, 2026

မောင်တောမြို့နယ်၊ ဝေလာတောင်ကြားနှင့် ခမောင်းဆပ်ကြားတွင် ကုန်ပစ္စည်းတင်လာသည့် ထော်လာဂျီတစ်စီးကို အကြမ်းဖက် ARSA အဖွဲ့က ခြုံခြိုက်တိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား၂ ဦးသေဆုံးပြီး ၁ ဦး ပျောက်ဆုံးနေသည်ဟု ဒေသခံများထံမှ သိရသည်။

မတ်လ ၈ ရက်နေ့တွင် နေလယ်ပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်၍ တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု မောင်တောဒေသခံတစ်ဦးကဆိုသည်။

" ေမာင်တောမြို့နယ် မြောက်ပိုင်း ဝေလာတောင်ဘက်မှ ခမောင်းဆိပ်ဘက်ကို ကုန်ပစ္စည်းတင်ပြီးလာတဲ့ ထော်လာဂျီကို အကြမ်းဖက် ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တာပါ။ '' ဟု ဆိုသည်။

ယင်းတိုက်ခိုက်မှုအတွင်း ခမောင်းဆိပ်ကျေးရွာ နေထိုင်သည့် ခေါင်လောင်းရွာသစ်ရွာမှ ဝင်းမြတ်အောင်နှင့် စိုးသန်းနိုင်တို့နှစ်ဦးမှာ သေဆုံးသွားခဲ့ပြီး ကျန်တစ်ဦးမှာလည်း ပျောက်ဆုံးနေကြောင်း ဒေသခံများထံမှသိရသည်။

ယခုရက်ပိုင်းအတွင်းတွင် ARSA အဖွဲ့က မောင်တောမြောက်ပိုင်းရှိ အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး ဖမ်းဆီးသတ်ဖြတ်ခြင်း၊ခြုံခိုတိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည့်အတွက် နှစ်ရက်အတွင်း အရပ်သား ၂ ဦးသေဆုံးပြီး ၅ ဦး ပျောက်ဆုံးနေသည်ဟုလည်း သိရသည်။

ထို့ကြောင့် ဒေသခံများမှာလည်း စိုးရိမ်မူများမြင့်တက်နေကြောင်းသိရသည်။



Post a Comment

0 Comments