ကျားဖျန့် မီးစက်သုံးရန် ဆီဈေးကွက်တွင် ထိုင်းဆီအဝယ်လိုက်နေလို့ တစ်ပေပါ သိန်း၂၀ကျော် အထိ ဈေးပေါက်နေ
-By - People's Radio Myanmar
Date - March 9, 2026
ထိုင်း−မြန်မာနယ်စပ် မြဝတီမြို့ဘက်မှာ တရုတ်ကျားဖျန့်ငွေလိမ်ခြံဝင်းတွေ ကမီးစက်တွေအတွက် စက်သုံးဆီ ဒီဇယ်တစ်ပေပါကို ကျပ်ငွေ သိန်း၃၀ ကျော်အထိ ဈေးပေါက်ပြီး ဝယ်လိုအားများနေတယ်လို့ ထိုင်းဆီဝယ်ရောင်းလုပ်သူ တွေက PRM ကိုပြောပါတယ် ။
မတ်လ၁ရက်ကစပြီး မြဝတီမြို့ဘက်မှာ စက်သုံးဆီအရောင်းဆိုင်တွေမှာ ဆီအလုအယက်ဝယ်ယူကြတာကနေ စက်သုံးဆီပြတ်လတ်တဲ့အထိ လက်လီဝယ်ယူသူတွေများလာပြီး နောက်ပိုင်းမှာတော့ တရုတ်ငွေလိမ်ခြံဝင်းတွေဘက်က မီးစက်တွေအတွက် ဒီဇယ်စက်သုံးဆီဝယ်ယူစုဆောင်းတာတွေများလာပြီး အခုလို ထိုင်းဆီကို ဝယ်စုနေကြတာလို့ အမည်မဖော်လိုတဲ့ မြဝတီမြို့ခံဆီ ဝယ်ရောင်းအမျိုးသမီးက ပြောပါတယ်။
" ကျားဖျန့် တွေက ဖားအံဆီ၊ မော်လမြိုင်ဆီသုံးကြတာ အခုစစ်ဖြစ်နေတဲ့ စစ်တပ်ဖမ်းနေလို့ ကရင်အဖွဲ့အစည်းတွေ အောက်ဆီသယ်ရခက်တယ်၊ အရင်က ပုံမှန်တရုတ်ဆိုဒ်တွေသွင်းနေတာကနေ အခုမြန်မာဆီပြတ်နေတော့ မဲဆောက်ဆီကို တရုတ်ဆိုဒ်ထဲ အရောက်ဘတ် ၁၈၀၀၀ အထိပေးဝယ်နေတယ်၊
မြန်မာငွေနဲ့ဆို သိန်း၂၀ကျော်ဈေးပေါက်နေတုန်းဘဲ"လို့ပြောပါတယ် ။
လတ်တလောမှာတော့ ထိုင်း−မြန်မာနယ်စပ်မဲဆောက်မှာ မြန်မာနံပါတ်နဲ့ကားတွေကို မဲဆောက်ဘက်မှာ ဆီမရောင်းပေးတော့တဲ့အခြေအနေက ပိုဆိုးလာနေတယ်လို့ မဲဆောက်ဘက် အဌားကားမောင်းသူက ပြောပါတယ်။
" အရင်က မဲဆောက်ထဲ အိမ်က ဆီကျန်နဲ့ဝင်သွားတယ် ၊ကားအော်ဒါလိုက်ပြီး မြဝတီဘက်အပြန် ဆီတိုင်ကီအပြည့်ထည့်ပြီး ပြန်ဝင်လာလို့ရတယ်၊ အခုရက် တွေမှာ မြန်မာကားကို ဘတ်၅ရာဖိုး ရောင်းနယ်၊ ၁ထောင်ဖိုးရောင်းနေသေးတယ်၊ အခုမြဝတီကားတွေ တစ်နေ့အစီးရာချီပြီး ဆီဝယ်နေကြတဲ့ ပုံစံများ လာ တော့ မြန်မာကားဆို ဆီမရောင်းတော့တဲ့ ဆိုင်တွေများလာပြီ " လို့ ပြောပါတယ်။
အခုလို စက်သုံးဆီဈေးကွက် ကမောက်ကမဖြစ်နေတာနဲ့ ပတ်သက်ပြီး မြဝတီ ဆီဆိုင် တွေ မှာ စုံရက်မရက်ခွဲပြီး ဆီရောင်း ပေးနေပေမယ့် ဝယ်ယူစု ဆောင်းတစ်ဆင့်ပြန်ရောင်းချတဲ့ဈေးကွက်ဖြစ် နေသလို၊မဲဆောက်မြို့ဘက်မှာလည်းဒေသကျေးရွာ တွေကထိုင်းတောင်သူတွေစက်သုံးဆီဝယ်ယူ စုဆောင်းကြလို့ဆီဈေးနုန်းအတက်အကျမရှိပေမယ့်ဆီဝယ်လိုအားများနေတာကိုတွေ့မြင်နေရတယ်လို့မဲ ဆောက်ဆီဆိုင်ဝန်ထမ်းက ပြောပါတယ်။
လက်ရှိ မဲဆောက်အာဏာပိုင်တွေဘက်ကလည်း ထိုင်း−မြန်မာ နယ်စပ် မဲ ဆောက်သဘာဝကမ်းကူးဂိတ်တွေကနေ မြဝတီမြို့ဘက် ဆီမှောင်ခိုသယ်ယူ တာတွေရှိမရှိကို ဆီဆိုင်တွေမှာ စစ်ဆေးတာ၊ နယ်စပ်ဂိတ်တွေမှာစောင့်ကြည့်ဖမ်းဆီးတာတွေရှိနေတယ်လို့ PRM ကသိရပါတယ်။
#ဆီဈေးကွက်
#မြဝတီမြို့
#peoplesradiomyanmar
0 Comments