နွေဦးတော်လှန်ရေးမှာဓါတ်ပုံပညာကို လေ့လာသင်ယူရင်း အညာဒေသမှာ တိုက်ပွဲဝင်နေတဲ့ လူငယ်
_By - ထက်မြတ်
Date – 20 December 2025
စစ်တပ်အာဏာမသိမ်းခင်မှာတော့ မောင်ဟိန်းမင်းထွန်းတစ်ယောက်ဟာ လူငယ်ဘဘာဝအတိုင်းနေထိုင် သွားလာလုပ်စားရင်း မိတ်ဆွေအပေါင်းအသင်းတွေ နဲ့ အချိန်ကုန်ခဲ့ပါတယ်။သူဟာ လူငယ်တစ်ယော က်ဖြစ်တဲ့အတွက် Social Media ကိုအသုံးပြုရတာလည်း ဝါသနာကြီးသူတစ်ယောက်ဖြစ်ပါတယ်။
သူဟာ Sodial Media ကိုအသုံးပြုရင်း လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးဓာတ်ပုံဆရာ တွေရိုက်ကူးထားတဲ့ ရှုခင်းပုံတွေ ၊ သဘာဝအလှတရားပုံတွေမြင်ပြီး ဓာတ်ပုံပညာ ကိုစိတ်ဝင်စား ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မောင်ဟိန်းမင်းထွန်းဟာ ဓာတ်ပုံရိုက်နည်းပညာ ကိုသင်ယူဖို့ ကြိုးစား ခဲ့ပါတယ်။
မောင်ဟိန်းမင်းထွန်းဟာ မန္တလေးဇာတိဖြစ်ပြီး မောင်နှစ်မ ၄ ယောက်ထဲမှာ အငယ်ဆုံးသားဖြစ်ပါတယ်။ သူ ၂ နှစ်သားလောက်မှာ အဖေ နဲ့ အမေဖြစ်သူကဆုံးပါးသွားတဲ့အတွက် အစ်မ ၊ အစ်ကို ၂ ဦး နဲ့ အတူနေထိုင်ခဲ့ပါတယ်။အစ်ကို ၂ ဦးထဲက တစ်ဦးကတော့ စစ်ကောင်စီတပ်သားတစ်ဦးဖြစ်ပြီး ၂၀၁၉ ခုနှစ်လောက်မှာတော့ အသဲကင်ဆာရောဂါနဲ့ သေဆုံး သွားခဲ့တဲ့အတွက် သူတို့မောင်နှမ ၃ ဦးသာကျန်ရှိခဲ့ပါတယ်။
အဲဒီနောက်မောင်ဟိန်းမင်းထွန်းဟာ သူဝါသနာပါတဲ့ ဓာတ်ပုံပညာကို လေ့လာချင်ပေမယ့် ငွေကြေးအဆင် မပြေတာကြောင့် သင်တန်း မတက်နိုင်ပဲ နာမည်ကြီးဓာတ်ပုံဆရာတွေရိုက်ထားတဲ့ ပုံကိုကြည့်ပြီး ဖုန်း နဲ့ ပုံတွေကို လိုက်လံရိုက်ကူး တာမျိုးတွေ စတင် ပြုလုပ်ခဲ့ပါတယ်။
“ကျနော်ဒီဓာတ်ပုံ ပညာကို ဒီ fb သုံးရင်းကနေစဝါသနာပါခဲ့တာပါ ၂၀၂၀ နှစ်ကုန်ပိုင်းလောက်က လိုင်းပေါ်က အစ်ကိုတစ်ယောက် နဲ့ နာမည်ကြီးဓာတ်ပုံဆရာတွေ ရဲ့ ပုံတွေကြည့်ရင်း စဝါသနာ ပါရင်းရိုက်ဖြစ်ခဲ့တာ သင်တန်းတော့ မတက်နိုင်ခဲ့ပါဘူး ၊ ကျနော်တို့အိမ်ကလည်းသိပ့် အဆင်မပြေတော့ ဒီအတိုင်းလေ့လာရင်းရိုက်ဖြစ်ခဲ့တာ ကိုယ်ဝါသနာပါတဲ့အရာ နဲ့ ရပ်တည်ချင်ခဲ့တာပါ”လို့မောင်ဟိန်းမင်း ထွန်း က ပြောပါတယ်။
သူဟာ အွန်လိုင်းကနေ ဓာတ်ပုံပညာတွေကိုသင်ယူနေရင်း သူရိုက်ထားတဲ့ပုံတွေနဲ့ ဓာတ်ပုံပြိုင်ပွဲအသေး စားတစ်ချို့ကို ဝင်ပြိုင်တာမျိုးတွေလည်းစတင်ပြုလုပ်လာခဲ့ပါတယ်။မောင်ဟိန်းမင်းထွန်းဟာ ဓာတ်ပုံ ပညာကို နိုင်ငံခြားကအသိအမှတ်ပြုတဲ့လူတစ်ယောက်အဖြစ် ရိုက်ကူးနိုင်ဖို့ကို ကြိုးစားနေသူ တစ် ယောက် လည်းဖြစ်ပါတယ်။
အဲဒီလို ဓာတ်ပုံရိုက်နည်းတွေကိုလေ့လာရင်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာတော့ အကြမ်းဖက် စစ်တပ်ကမတရားအာဏာသိမ်းလိုက်ပါတယ်။ စစ်တပ်အာဏာသိမ်းမှုကြောင့် ပြည်သူများစွာဟာလမ်း ပေါ်ထွက်ပြီး ဆန္ဒပြမှု ပြုလုပ်ခဲ့ကြသလို မောင်ဟိန်းမင်းထွန်းတို့ ညီအစ်ကို ၂ ဦးဟာလည်း ဆန္ဒပြသူတွေ ထဲမှာပါဝင်ခဲ့ကြပါတယ်။
အဲဒီနောက်ဆန္ဒပြမှုတွေကိုဆက်လက်လုပ်ဆောင်နေရင်း မောင်ဟိန်းမင်းထွန်း ရဲ့ အစ်ကိုဖြစ်သူဟာ UG တပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ UG တပ်ဖွဲ့ဝင်ဖြစ်လာတဲ့အတွက် မစ်ရှင်တွေဖော်ဆောင်ရင်း ဒလန်သတင်းပေးမှုကြောင့် မောင်ဟိန်းမင်းထွန်း ရဲ့ အစ်ကိုဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ အဖမ်းခံလိုက် ရပါ တယ်။
“အစ်ကိုက ၇ လပိုင်းလဝက်လောက်မှာ UG ကစားဖို့ မိုင်းတွေ လက်နက်တွေသယ်ယူနေရင်း ဒလန်သ တင်းပေးမှုကြောင့် စဉ့်ကိုင်းဘက်က လက်ဖက်ရည်ဆိုင်ထဲမှာ ဖမ်းခံလိုက်ရတာ ” လို့ မောင်ဟိန်းမင်း ထွန်း က ဆက်ပြောပါတယ် ။
အစ်ကိုဖြစ်သူအဖမ်းခံရပြီးနောက် မောင်ဟိန်းမင်းထွန်း ဟာတောထဲဝင်ပြီး လက်နက်ကိုင်ဖို့အတွက် အတွေး များစတင်ဝင်ရောက်လာခဲ့ပါတယ်။ တောထဲဝင်ရောက်ဖို့အတွက် အသိမိတ်ဆွေ တွေကနေ တစ် ဆင့် ချိတ်ဆက်မှုရခဲ့ပေမဲ့ အစ်မလုပ်သူက ပေးမသွားတဲ့အတွက် အခက်ကြုံနေခဲ့ရပါတယ်။
အဲဒီနောက်မှာတော့ မောင်ဟိန်းမင်းထွန်းဟာ အစ်မဖြစ်သူကို အလုပ်သွားမယ်လို့လိမ်ညာလိုက်ပြီး ၂၀၂၂ ခုနှစ် မေလလောက်မှာ လက်နက်ကိုင်ဖို့အတွက် CDSOM ( မြောက်ပိုင်းတိုက်ခိုက်ရေး ဗိုလ်စကြာ) အဖွဲ့ထဲကိုဝင်ရောက်လာခဲ့ပါတယ်။တပ်ဖွဲ့ထဲဝင်ရောက်ချိန်မှာလည်း အခြေခံစစ်သင်တန်း တက်ရောက်ခဲ့ရပါတယ် ။ လူများစွာ နဲ့ ထိတွေ့ ဆက်ဆံခြင်းမရှိခဲ့တဲ့ မောင်ဟိန်းမင်းထွန်းဟာ အခုလို စစ်သင်တန်းတက်ရောက်တဲ့အခါမှာတော့ ကြောက်ရွံ့စိတ်တွေ ဖြစ်ပေါ်ခဲ့တယ်လို့ ပြောပါတယ်။
အိမ်မှာအငယ်ဆုံးဖြစ်သလို ၊ မြို့ပေါ်မှာကြီးပြင်းလာရတဲ့ မောင်ဟိန်းမင်းထွန်းဟာ တောထဲရောက်တဲ့ အ ခါမှာတော့ နေထိုင်စားသောက်မှုတွေကို မတူခဲ့တာကြောင့် စအပိုင်းမှာ အိမ်ပြန်ချင်စိတ်တွေဖြစ်ပေါ်ခဲ့ တယ်လို့ဆိုပါတယ်။ အိမ်ပြန်ချင်စိတ်ဖြစ်ပေါ်လာတိုင်း မတရားဖမ်းဆီးခံလိုက်ရတဲ့အစ်ကိုဖြစ်သူ အတွက် တိုက်ပွဲဝင်ဖို့ စိတ်အားပိုမိုထက်သန်လာခဲ့တယ်လို့ဆိုပါတယ်။
အခြေခံစစ်သင်တန်းတက်ပြီးတဲ့နောက် မောင်ဟိန်းမင်းထွန်းဟာ ပထမဦးဆုံးစစ်ဆင်ရေးအနေနဲ့ မြောင် နယ်ဘက်ကို စစ်ဆင်ရေးထွက်ခဲ့ရတဲ့အချိန် ကြောက်ရွံ့မှုတွေဖြစ်ပေါ်ခဲ့ပြီး ဒူးတွေတုန်တဲ့ အထိဖြစ် ခဲ့တယ်လို့ ရယ်မောစွာအခုလို ပြောဆိုထားပါသေးတယ်။
“ပထမဦးဆုံး ရှေ့တန်းလိုက်ရတော့ ဒူးတွေတော့တုန်တယ် ဒါပေမယ့်ကြောက်စိတ်ကိုဖျောက်ထားရ တယ် ၊ အဲဒီတုန်းက ဒီ Auto သေနတ်တွေမကိုင်ရသေးဘူး ၊ အညာဘက် ရောက်နေတာဆို တော့လက် လုပ် ၁ တောင့်ထိုးတွေဘဲ ကိုင်ခဲ့ရတာ” လို့ဆိုပါတယ်။
ဝါသနာပါရာအလုပ်ကိုစွန့်လွတ်ခဲ့ပြီး တောထဲဝင်ရောက်ခဲ့တဲ့အခါ ဝမ်းနည်းစိတ်တွေဖြစ်ပေါ်ခဲ့ပေမဲ့ လည်းနောက်မဆုတ်ပဲ စစ်အာဏာရှင်ပြတ်သုန်းသွားတဲ့အထိ ဆက်လက်တွန်း လှန်သွားဖို့ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချခဲ့ တယ်လို့လည်းဆိုပါတယ်။
အဲဒီနောက် မောင်ဟိန်းမင်းထွန်းဟာ သူဝါသနာပါတဲ့ ဓာတ်ပုံပညာကိုရှေ့တန်းစစ်မျက်နှာမှာ မှတ်တမ်း Video နဲ့ ရုပ်ပုံ ရိုက်ကူးဖို့အတွက် အထက်အရာရှိကတာဝန်ပေးခဲ့တာကြောင့် ပျော်ရွှင်ခဲ့ရပါတယ်။ သူဟာ ကာကွယ်ရေးတပ်ဖွဲ့တွေ ရှေ့တန်းသွားတဲ့အခါတိုင်းလိုက်သွားရပြီး ရုပ်သံရိုက်ကူးမှုတွေပြုလုပ်ခဲ့
ရပါတယ်။
“နောင်တရတာမျိုးတော့ရှိခဲ့ပါတယ်၊ အာဏာရှင်လက်ကလွတ်ဖို့ကအရေးကြီးတယ်ထင်လို့ ကျနော် လက်နက်ကိုင်ခဲ့တာပါ အခုလည်း ကျနော်ရှေ့တန်းသွားရင် ဖုန်းတစ်လုံးပဲယူသွားရတယ် တိုက်ပွဲမှတ် တမ်းတွေယူတယ် ၊ တိုက်ပွဲဖြစ်စဉ်တွေရိုက်ပြီး edit လုပ်ပြီး မီဒီယာကိုပို့ပေးဖြစ်တယ် ၊ ဝါသနာ လည်းလုပ်ရင်း အာဏာရှင်တော်လှန်ရင်းပေါ့” လို့ မောင်ဟိန်းမင်းထွန်းက ပြောပါတယ်။
ဖမ်းဆီးထောင်ကျနေတဲ့အစ်ကိုဖြစ်သူ နဲ့လည်းအခုချိန်ထိ အဆက်အသွယ်မရသလို ၊ အစ်ကိုဖြစ်သူကို ဘယ်အကျဉ်းထောင်မှာ ချထားလည်းဆိုတာမသိရှိရဘူးလို့ဆိုပါတယ်။သူဟာအိမ်ကနေထွက်လာတာ ကြာလာတာ နဲ့ အမျှ အိမ်ကိုလွမ်းကြောင်း နဲ့ အခွင့်အခါကြုံခဲ့ရင် အိမ်ကိုပြန်ချင်သေးတယ်လို့ ဆိုပါ တယ်။
လက်ရှိအချိန်ထိလည်း မောင်ဟိန်းမင်းထွန်းဟာ စစ်အာဏာရှင်ကိုတော်လှန်နေဆဲဖြစ်ပြီး တပ်ဖွဲ့အတွက် ပြန်ကြားရေး နဲ့ ဘဏ္ဏာရှာဖွေရေးကို ဆက်လက်တာဝန်ယူ ထားတယ်လို့ဆိုပါတယ်။စစ်အာဏာရှင် မကျဆုံးသရွေ့ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။
သူဝါသနာပါတဲ့ ဓာတ်ပုံရိုက်ကူးနည်းပညာကိုတော့ စစ်အာဏာရှင်ကျဆုံးသွားတဲ့အခါမှာ ပြန်လည်သ င်ကြား သွားမှာဖြစ်ကြောင်း ၊ နေအိမ်မှာကျန်နေခဲ့တဲ့ အစ်မ နဲ့ အကျဉ်းချခံထားရတဲ့ အစ်ကိုကို တစ်ဖန်ပြန်လည်လုပ်ကျွေးသွားမှာဖြစ်ကြောင်းကိုလည်း ငေးမှိုင်စွာ နဲ့ အခုလိုပြောဆိုခဲ့ပါသေးတယ်။
“ဓါတ်ပုံပညာကို ဆုတွေရတဲ့အထိပြိုင်ချင်ခဲ့တာ ၊ သင်တန်းတွေလည်း တက်ချင်ခဲ့တာ ၊ အာဏာရူးကြောင့် အိမ်မက်တွေပျက်ခဲ့ရတာ နိုင်ငံရေးပြီးသွားရင်တော့ ကျနော်ဝါသနာပါတာဆက်လုပ်မှာပါ ပြီးတော့ ကျန်ခဲ့တဲ့ ကျနော့်မိသားစုကိုလည်း လုပ်ကျွေးရအုံးမယ်”
0 Comments