Hot Posts

6/recent/ticker-posts

ဖားကန့် လယ်ပြင်ကျေးရွာတွင် ယနေ့နံနက် ထိတွေ့တိုက်ပွဲဖြစ်ပြီး လယ်ပြင်ကို သွားလာမူပိတ်ထား

 ဖားကန့် လယ်ပြင်ကျေးရွာတွင် ယနေ့နံနက် ထိတွေ့တိုက်ပွဲဖြစ်ပြီး လယ်ပြင်ကို သွားလာမူပိတ်ထား


By- နန်းရတနာအောင်

Date- 28.May.2025


ကချင်ပြည်နယ် ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာတွင် ယနေ့ မေလ ၂၇ရက် နံနက်ပိုင်းက စစ်ကောင်စီနှင့် တော်လှန်ရေးပူပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး လယ်ပြင်ကို လက်တလော သွားလာမူပိတ်ထားကြောင်း လယ်ပြင်ကျေးရွာနေထိုင်သူအချို့ထံမှ သိရသည်။

ကားမိုင်း - ဖားကန့်လမ်းပိုင်းမှ တစ်လခန့်အကြာ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးတက်လာ‌ သော စစ်ကောင်စီတပ်ဖွဲ့သည် ဖားကန့်မြို့အဝင် ယမ်းချက်စက်ရုံနှင့် လယ်ပြင်ကျေးရွာထဲကို ဝင်ရောက်လာပြီးနောက် ယနေ့နံနက်ပိုင်းမှာ နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။

"လယ်ပြင်တံတားဘက်ခြမ်းမှာ အခုတိုက်ပွဲဖြစ်နေတာပါ။မိုးကလည်းရွာနေသေးတယ်။တိုက်ပွဲဖြစ်တာကတော့ တစ်နာရီလောက်ကြာတယ်။ လောလော ဆယ်တော့ စစ်ကောင်စီဘက်က လယ်ပြင်ကျေးရွာကို သွားလာမူပိတ်လိုက်ပြီ"ဟု လယ်ပြင်ကျေးရွာမှာ နေထိုင်သူအမျိုးသမီးတစ်ဦးက PRMသို့ ပြောကြားသည်။

လယ်ပြင်ကျေးရွာသည် ဖားကန့်မြို့ကိုလာရောက် လျှင် အရင်ဆုံးတွေ့ရမည့် ကျေးရွာဖြစ်ပြီး လယ်ပြင်မှတစ်ဆင့် ဥရုချောင်းတံတားကိုဖြတ်ကာ လုံးခင်းကျေးရွာ ထို့နောက် ဖားကန့်မြို့သို့ ရောက်ရှိခြင်းဖြစ်သည်။

"မနေ့ညကတည်းက လယ်ပြင်တံတားပေါ်ကို လက် နက်ကြီးကျရောက်ပေါက်ကွဲတာတွေရှိတယ်။ဒေသခံတွေကတော့ ရှောင်တဲ့သူတွေလည်းရှိသလို မရှောင်တဲ့သူတွေလည်းရှိတယ်"ဟု လုံးခင်းကျေးရွာနေထိုင်သူတစ်ဦးက ပြောသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမူတွေကြောင့်  ဒေသခံအချို့ ထိခိုက်မူတွေရှိသည်ဟု သိရသော် လည်း PRMအနေဖြင့် သီခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဖားကန့်မြို့ပေါ်ဘက်ကို ဦးတည်ပြီး စစ်ကောင်စီဘင်မှ စစ်အင်အား ရာချီရောက်ရှိလာသည့်အတွက် ဖားကန့်မြို့အဝင်ရှိ လယ်ပြင်နှင့် ဖန်ခါး‌‌ချောင်ကျေးရွာနေ ဒေသခံပြည်သူများကို လုံခြုံရေးအရ ယာယီတိမ်း‌ရှောင်ကြရန် ကချင်လွတ်လပ်ရေးတပ်မတော် KIAနှင့် တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ မေလ ၂၇ရက်က အသိပေးပြောဆိုထားသည်ဟုလည်း သိရသည်။

#peopleradiomyanmar




Post a Comment

0 Comments