Hot Posts

6/recent/ticker-posts

အကြမ်းဖက်စစ်တပ်၊ DKBA ၊ BGFတွေ အကျအဆုံးများလို့ ကော့ကရိတ်၊နောင်မိရွာကို ဒရုန်းနဲ့ဗုံးကြဲ‌နေ

အကြမ်းဖက်စစ်တပ်၊ DKBA ၊ BGFတွေ အကျအဆုံးများလို့ ကော့ကရိတ်၊နောင်မိရွာကို ဒရုန်းနဲ့ဗုံးကြဲ‌နေ


By − People's Radio Myanmar
Date - October 15, 2025

ကရင်ပြည်နယ် အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းပြီး စစ်‌ကြောင်းထွက်လာတဲ့ DKBA၊ BGFတပ်တွေ အောက်တိုဘာ ၁၀ရက်နေ့က ထီဖိုးစံ၊ နောင်မိကျေးရွာ အနီးလမ်းပိုင်းမှာ KNLA မဟာမိတ်တပ်တွေ ဖြတ်တိုက်လို့ ကျဆုံးထိခိုက်အရှင်မိတာခံလို့ စစ်ကြောင်းပျက်ပြီး တပ်လန်နောက်ဆုတ်ခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီအခြေအနေကြောင့် နောက်ရက် အောက်တိုဘာ၁၁ ကစပြီး အကြမ်းဖက် စစ်အုပ်စုဘက်က လက်နက်ကြီး၊ ဒရုန်း၊ ဗုံးကြဲပြီး နောင်မိကျေးရွာကို ဖျက်စီးတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

" ကရင် BGF၊ DKBA တွေ စစ်ကြောင်းတက်လာတာ နောင်မိမှာ ဖြတ်တိုက် တော့ ၃၀ လောက်ရှိမယ်ဗျ သေကုန်တယ်၊ DKBA၊ BGF တွေ မိုင်းထိ၊40mmထိတာ၂၀ လောက်ထိတယ် DKBA ၃‌ ယောက် မိုင်းထိပြီး အရှင်မိထားတယ်၊ ပြန်ဆုတ် ပြေးရတာကို ဗိုလ်ဘိအဖွဲ့ အခဲမကြေဖြစ်နေပြီး စစ်ကူခေါ် ဒရုန်းနဲ့ချ ၊ လက်နက်ကြီးပစ်ထည့် နေတာရွာ‌တော့တော်တော်ပျက်စီးကုန်ပီ" လို့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

အခုလို အကြမ်းဖက်စစ်တပ်နဲ့ ပူးပါင်း ကရင်အဖွဲ့တွေအထိနာခဲ့တဲ့ နောက်ပိုင်းမှာတော့ နောင်တပ္ပံ၊ မြပတိုင်၊ နန်းကော့တေး၊ ကော့ဖန်ရပ်၊ နောင်မိကျေးရွာဒေသခံတွေကို အပြင်ထွက်သွားလာခွင့်နဲ့ စစ်ဘေးရှောင် ခွင့်မပြုတော့ဘဲ တော်လှန်ရေးတပ်ဘက်က ဒရုန်းဗုံးချတိုက်ခိုက်တာကို အကာအကွယ်ယူတဲ့ အနေနဲ့ လူသားဒိုင်းအဖြစ် ရွာမှာနေခိုင်းထားတယ်လို့ သိရပါတယ်။

" BGF၊ စစ်တပ်ကကောင်တွေကရွာသားတွေကို မရှောင်ခိုင်းဘူး ရွာမှာဘဲနေရမယ်၊ ရွာသားတွေ့ရင် DKBA ဗိုလ်ဘိအဖွဲ့တွေကဖမ်းခေါပြီးရိုက်တယ်၊ စစ်တယ်၊ သူတို့ကို PDF တွေ ဒရုန်းချခံရမှာကြာက်လို့ ရွာလူတွေကို သူတို့နဲ့ အတူတူနေရမယ်ပြောထားတယ် " လို မြပတိုင်ကျေးရွာသားကပြောပါတယ်။

ဒါ့အပြင် နောင်မိရွာအနီးတိုက်ပွဲအတွင်း တပ်ပြန်ဆုတ်ရသည့် စစ်ကြောင်းမှ ထိခိုက်ဒဏ်ရာရတဲ့စစ်သား၊ DKBA နဲ့ BGF လူနာတွေကို နဘူးဆေးရုံကတစ်ဆင့် ကုသမနိုင်လို့ ဖားအံဆေးရုံကြီးနဲ့ တောင်ကလေးစစ်တပ် ဆေးရုံကိုဆက်ပြီးပို့ ထားရတယ်လို့ သိရပါတယ်။



Post a Comment

0 Comments