Hot Posts

6/recent/ticker-posts

အကြမ်းဖက်စစ်တပ်က လေးကေ့ကော်ဒေသကို လက်နက်ကြီးပစ်ကူဖြင့် ဝင်ရောက်တပ်စွဲဖို့ စစ်ကြောင်းထိုးလာနေ

 အကြမ်းဖက်စစ်တပ်က လေးကေ့ကော်ဒေသကို လက်နက်ကြီးပစ်ကူဖြင့် ဝင်ရောက်တပ်စွဲဖို့ စစ်ကြောင်းထိုးလာနေ


By - People's Radio Myanmar
Date - September 22, 2025

ကရင်ပြည်နယ် အကြမ်းဖက်စစ်တပ်က မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်နေရာနဲ့ စွယ်တော်အမြှောက်ကုန်းနေရာတွေကို တပ်ပြန်စွဲဖို့ မယ်ထော်သလေး၊‌ ကျောက်ဂူ၊ လက်ခတ်တောင်လမ်းပိုင်းနေရာတွေကနေ စစ်အင်အား ၅၀၀ ကျော်၊ လက်နက်ကြီးတင်ကားအပါအဝင် စစ်ကြောင်း ၅‌ ကြောင်းနဲ့ ဖြန့်တက်လာနေတယ်လို့ ရှေ့တန်း KNLA မဟာမိတ်တပ်ဖွဲ့ သတင်းအရင်းအမြစ်က People's Radio Myanmarကို ပြောပါတယ်။

" စစ်တပ်က အမြှောက်ကားတွေ မဲကနယ် လမ်းဘက်ရောက်နေတာကြာပြီ၊ မယ်ထော်သလေးရှမ်းကျောင်းမှာရောက်နေတဲ့အဖွဲ့၊ လက်ခတ်တောင် ၊ကျောက်ဂူအဖွဲ့တွေလေးကေ့ကော်ကို ဖြန့်ဆင်းလာဖို့ လုပ်နေတာ အရင်ဆုံးလက်နက်ကြီးနဲ့ သူပစ်ကိုယ်ပစ် ပစ်နေတာမြေပြင်မှာ လေးကေ့ကော်ထဲဝင်မလာသေးဘူး" လို့ သတင်းအရင်းအမြစ်ကပြောပါတယ်။

အခုစက်တင်ဘာ၂၂ ရက် နေ့လည်ပိုင်းအထိ့ နှစ်ဘက်တပ်တွေ လက်နက်ကြီးအပြန်အလှန်၊ ဒရုန်းဗုံးချတိုက်ခိုက်တာ အပြန်အလှန်ဖြစ်နေလို့ မြေပြင်စစ်တပ်စစ်ကြောင်းတွေ ပဟိကလော်ကျေးရွာအတွင်းလမ်းပိုင်းမှာ စစ်ကြောင်းတန့် နေကြောင်း သိရပါတယ်။

" စစ်တပ်စစ်ကြာင်းတွေ အင်အားများတယ် လမ်းလျှောက်တက်နေတာ၊ ပဟိကလော် ရွာတန်းရှည်လမ်းဘေးတွေမှာ ရပ်နေတယ်၊ ရှေ့ဆက်ပြီး မယ်ဝါးခီးဘက်၊ လေးကေ့ကော်ဘက် ပြောင်းခင်းတွေကနေ လေး‌ေက့ကော်ရပ်ကွက် တွေထဲကို မတိုးဝင်သေးဘူး" လို့ မယ်ထော်သလေး ကျေးရွာဒေသခံကပြောပါတယ်။

အခုလက်ရှိမှာတော့ မြဝတီမြို့ အခြေစိုက်ခလရ၂၇၅ တပ်ရင်း၊ သင်္ဃန်းညီနောင် တပ်နယ်က စစ်တပ်စစ်ကြောင်းတွေကို ၊ အုပ်ချုပ်ထောက်ပံ့ စစ်ရေးအင်အားဖြည့်ဖို့ ကျုံဒိုး ၊ ကော့ကရိတ်လမ်းပိုင်းကနေ မြဝတီကို စစ်ကူစစ်သား၊လက်နက်ခဲယမ်းတင်ဆောင်လာတဲ့ စစ်ယာဉ်တန်းတွေ ကော့ကရိတ်မြို့ဘက်ထွက်လာနေတယ်လို့ မြေပြင်စစ်ရေးနယ်မြေသတင်း အရင်းအမြစ်တွေကပြောပါတယ်။



Post a Comment

0 Comments