Hot Posts

6/recent/ticker-posts

စစ်တပ်က ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ မြဝတီကိုစစ်ဆင်ရေးအရှိန်မြှင့် ပြီးနယ်မြေထိန်းချုပ်ရန် ကြိုးစားနေ

စစ်တပ်က ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ မြဝတီကိုစစ်ဆင်ရေးအရှိန်မြှင့် ပြီးနယ်မြေထိန်းချုပ်ရန် ကြိုးစားနေ



By − People's Radio Myanmar
Date - September 19, 2025

ကရင်ပြည်နယ် အကြမ်းဖက်စစ်တပ်က ကြာအင်းဆိပ်ကြီး၊‌ ကော့ကရိတ်၊ မြဝတီဒေသအထိ စစ်ရေးနယ်မြေတွေပြန်လည် ထိန်းချုပ်ဖို့ စက်တင်ဘာ ၁၀ရက် နောက်ပိုင်းကစပြီး စစ်ဆင်ရေးအရှိန်မြှင့်လာနေတာမှာ ဒေသတွင်း နယ်မြေစိုးမိုးထားတဲ့ KNLA တပ်ဖွဲ့ မဟာမိတ် ၊ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF ၊ မွန် တော်လှန်ရေးတပ်ဖွဲ့များနဲ့ထိတွေ့ တိုက်ပွဲတွေနေ့တိုင်းဖြစ်ပွားနေတယ်လို့ စစ်ရေး သတင်းပေးပို့ချက်တွေအရသိရပါတယ်။

" စစ်တပ်တွေကကြာအင်းဆိပ်ကြီး၊ သုံးဆူဘက်ပြန်ထိုးလာတယ်၊ ကော့ကရိတ်၊ မြဝတီဘက်လည်းတက်နေတယ်၊ တိုးတော့မပေါက်သေးဘူး၊ ကျုံဒိုး၊ အာရှလမ်း၊ လမ်းဟောင်း၊ ကျိုက်မရောဘက်တွေတော့ထိတွေ့တွေကနေတိုင်းဖြစ်နေတယ်၊ သူတစ်ပြန်၊ ကိုယ်တစ်ပြန်ဘဲ "ဟု KNLA မဟာမိတ်စစ်သတင်း အရင်းအမြစ်က ပြောပါတယ်။

အဲ့ဒီလို စစ်တပ်စစ်ကြောင်းတွေ နေရာစုံက တိုးလာနေပေမယ့် KNLA တပ်မဟာ ၆ မဟာမိတ်တပ် ပေါင်းစုတွေ ကြားဖြတ်ပျောက်ကြား တိုက်ခိုက် တာတွေကြောင့် စစ်ရေးအထိနာနေပြီး၊ ကြည်း၊‌ ရေ၊‌ လေစစ်ရေး ပစ်ကူပေးတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

" သူတို့ စစ်တပ်က လက်နက်ကြီးစိုးမိုးပစ်ကူ၊ လေကြောင်းဗုံးကြဲ၊ ဒရုန်းကြဲ၊ စစ်သ  ေင်္ဘာကအ‌ မြှောက်ပစ်လုပ်တာပေါ့နော်၊ မြေပြင်မှာတော့သိပ်မထိရောက်ပါဘူး၊ ဒရုန်းကတော့ သူဒရုန်း၊ ကိုယ်ဒရုန်းဘဲ၊ ရှော့တိုက် ၊အတွဲလိုက်ပစ်ကတော့ သူပစ်၊ ကိုယ်ပစ်ဘဲတိုက်နေတယ်" လို့ PDF ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ စစ်ကြောင်း သတင်းအရင်းအမြစ်က ပြောပါတယ်။

အခုရက်ပိုင်းအတွင်းမှာတော့ ကြာအင်းဆိပ်ကြီး၊ သံပုရာ၊ ဘုရားကုန်းရွာဘက်၊ ကျုံဒိုး၊ အင်းကြီး၊ ကျုံဘိုင်းရွာဘက်၊ ကိုးတိုင်၊ တောင်ကြာအင်းလမ်းပိုင်း၊ ဒေါနတောင်လမ်းဟောင်းလမ်းပိုင်း၊ အာရှလမ်းသစ်လမ်းပိုင်း၊ သင်္ဃန်းညီ နောင်၊ ကွင်းက‌လေးလမ်းပိုင်း၊ မြဝတီ၊‌ လေးကေကော်လမ်းပိုင်းတွေဘက်မှာ နှစ်ဘက်တိုက်ပွဲတွေ နေတိုင်းဖြစ်ပွားနေပါတယ်။



Post a Comment

0 Comments