Hot Posts

6/recent/ticker-posts

ကော့ကရိတ် − မြဝတီလမ်းပိုင်းကို စစ်ရေးအရှိန်မြှင့်တိုက်ခိုက်ရန် စစ်အင်အား ၅၀၀ဝန်းကျင်နှင့် လက်နက်ခဲယမ်းအမြောက်အများဖြင့်တက်လာနေ

 ကော့ကရိတ် − မြဝတီလမ်းပိုင်းကို စစ်ရေးအရှိန်မြှင့်တိုက်ခိုက်ရန် စစ်အင်အား ၅၀၀ဝန်းကျင်နှင့် လက်နက်ခဲယမ်းအမြောက်အများဖြင့်တက်လာနေ


ဩဂုတ် ၊၂၈ ရက်၊မဲဆောက် ။

ကရင်ပြည်နယ် ကော့ကရိတ်မြို့ကနေ မြဝတီအာရှလမ်းသစ်လမ်းပိုင်းကို စစ်ကော်မရှင်တပ်တွေ သိမ်းပိုက်ထိမ်းချုပ်ဖို့ ဘားအံတပ်မ ၂၂ မှ စစ်ကူတပ်များ၊လက်နက်ခဲယမ်းများတင်ဆောင်ပြီး စစ်ဆင်ရေးအရှိန်မြှင့်ရန် စစ်ယာဉ်တန်းကား ၅၀ကျော် ကော့ကရိတ်မြို့သို့ ဩဂုတ်လ ၂၈ ရက်မနက်ပိုင်းက ရောက်လာပြီး အာရှလမ်းဘက်ကိုတပ်ဖြန့်ရန် စီစဉ်မှုများရှိနေတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေက People's Radio Myanmarကိုပြောပါတယ် ။

အခုဩဂုတ်လအတွင်း ကျုံဒိုးက‌နေ ကော့ကရိတ်အာရှလမ်းပိုင်းကို စစ်ကော်မရှင်တပ်တွေ ပြန်လည်ထိမ်းချုပ်နိုင်ပြီးနောက်ပိုင်း အာရှလမ်းမြဝတီဘက်ကို ဆက်လက်တိုက်စစ်ဆင်နေတာမှာ နေ့တိုင်းအကျအဆုံးများပြီး တပ်လှန့်ပြန်ဆုတ်ရတာတွေရှိနေလို့ စစ်ရေးအရှိန်မြှင့်တိုက်ခိုက်ဖို့ စစ်ကူနဲ့လက်နက်ခဲယမ်းတွေ ဒီမနက်မှာပို့ဆောင်လာတာပါ။

"မနက် ၅နာရီ ကျော်မှာတပ်မ ၂၂ ဘားအံကနေ စစ်ယာဉ်တန်း ၅၀ ကျော်ထွက်လာတယ်၊ ကျုံဒိုးကနေ စကခ ၁၂ နဲ့ ကော့ကရိတ် ၉၇ တပ်ကို ယာဉ်တန်းခွဲဝင်တယ် ၊ လက်နက်ကြီးမစ်ဇိုင်းကားတွေ ခဲယမ်းတွေ ၊ ဒရုန်းတပ်ဖွဲ့တွေပါတယ်လို့သိရတယ်၊ (ပစ)စစ်သားသစ်တွေကတော့ ၅၀၀ဝန်းကျင်ရှိတယ်လို့တော့သတင်းပို့ လာတာရှိတယ်၊ အခုအာရှလမ်းကိုကပ်လာဖို့စစ်ကြောင်းပြင်နေတယ်တော့ကြားတယ် " ဟု ကော့ကရိတ်စစ်မြေပြင်သတင်းအရင်း အမြစ်ကပြောပါတယ်။

အခုမနက်ပိုင်း ၉နာရီကျော်အချိန်မှာတော့ ခလရ ၉၇တပ်နဲ့ လှိုင်ဝအမြှောက်တပ်နေရာတွေကနေ ဒေါနတောင်လမ်းဟောင်းဘက်နဲ့ အာရှလမ်းမဘက်ကို လက်နက်ကြီးတွေ စပြီးပစ်ခတ်နေပါတယ်။

လက်ရှိမှာတော့ အာရှလမ်းမ တောနော်ကျေးရွာ၊ တတန်ကူးကျေးရွာနဲ့ တော ေနာ်ရေတံခွန်တောင်ကျောနေရာတွေမှာ KNLA မဟာမိတ်ပူးပေါင်းတပ်တွေက စစ်ကော်မရှင်ရှေ့တန်းစစ်ကြောင်းတွေကို ဖြတ်တောက်တိုက်ခိုက်နေပါတယ်။



Post a Comment

0 Comments