မြန်မာဈေးသည်အုပ်စုနှစ်ဖွဲ့ နှစ်ရက်ဆက်ခိုက်ရန်ဖြစ်ပွားခဲ့သည့် မဲဆောက် ကုန်စိမ်းဈေးသည်များအား ထိုင်းအာဏာပိုင်များစစ်ဆေးဖမ်းဆီး
ဩဂုတ် ၂၅ ရက် ၊မဲဆောက်။
ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့မြန်မာကုန်စိမ်းဈေးတန်းတွင် မြန်မာ ဈေးသည်အုပ်စုနှစ်စု ဩဂုတ်လ ၂၃ရက်နှင့် ၂၄ ရက်တွင် ခိုက်ရန်ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်အား ထိုင်းလူမှုကွန်ရက်တွင် ပြန်နှံခဲ့ပြီးနောက် ဒီကနေ့ မနက် အစောပိုင်း၆နာရီဝန်းကျင်အချိန်က မဲဆောက်အာဏာပိုင်အဖွဲ့စုံ ကုန်စိမ်း ဈေးတန်းသို့ ရောက်ရှိလာပြီး အထောက်အထားမဲ့ ဈေးရောင်းသူများအား စစ်ဆေး ဖမ်းဆီးမှုအချို့လုပ်ဆောင်ခဲ့ကြောင်းသိရပါသည်။
" တစ်မြန်နေ့က ကုန်စိမ်းသည် အုပ်စုနဲ့ ငရုပ်သီသည်အုပ်စု နှစ်စု ရန်ဖြစ်ကြတယ်၊ဈေးဝယ်လာတဲ့ထိုင်းစစ်သား တွေ ဖြန်ဖြေ ပေးတော့ပြီးသွားတယ်၊မနေ့က ထပ်ပြီးရန်ထပ်ဖြစ် တော့ယောကျားလေးတွေပါပါလာပြီးထိုးကြရိုက်ကြတာ့ထိခိုက်တာတွေဖြစ်ပြီး အခုရဲစခန်းမှာရှင်းနေကြပြီ၊ ဒီမနက်ရန်ဖြစ်တဲ့ ဈေးဆိုင် တွေ နား တော မောင်း လာစစ်ပြီး ၊အထောက်အထား မရှိဈေးသည် တွေရဲ့ပစ္စည်းတွေ ကားနဲ့ တင်သိမ်းသွားတယ် ၊လူ တွေလည်းတော့မောင်းရုံး ခေါ်သွားတယ်" ဟု ကုန်စိမ်းသည်တစ်ဦးက ပြောပါသည်။
ဒါ့အပြင် မဲဆောက်ဈေးပတ်ဝန်းကျင် ဈေးတန်းများ၊ ဆိုင်ခန်းများအား ဈေးစည်းကမ်းလိုက်နာရောင်းချမှုရှိမရှိနှင့်၊ တရားမဝင် မြန်မာကုန်ပစ္စည်းများ၊ ထိုင်းနိုင်ငံတားမြစ်ကုန်များ၊ အထောက်အထားမဲ့အလုပ်သမားဈေးရောင်းနေမှုများအားမဲဆောက်အာဏာပိုင်များ စစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။
" မြန်မာရန်ဖြစ်တာကတော့ဈေးအနေနဲ့ကမဆန်းပါဘူး၊အရင်တုန်းကလည်းဖြစ်နေကြဘဲအခုကဆိုရှယ်မီဒီယာခေတ်ဆိုတော့ဘာဖြစ်ဖြစ်လိုင်းပေါ် ရိုက်တင် လိုက်ရင်ဂယက်ထပြီလေ၊ အဲ့ တော့ထိုင်းတွေရေး နေကြပြီ ထိုင်းဈေးလားမြန်မာ ဈေးလား၊မြန်မာတွေဆိုးလာနေပြီလို့ပြောနေကြပြီ၊သူတို့ နိုငိငံပြန်မောင်းထုတ် ပေး တို့ ပြောကုန်ပြီ" ဟုမြန်မာဈေးဆိုင်ရှငိ တစ်ဦးကပြောပါသည်။
အဆိုပါ မြန်မာ ဈေးသည်များ ခိုက်ရန်ဖြစ်ပွားမှုရုပ်သံအား ထိုင်းလူမှုကွန်ရက်တွင်ပြန့်နှံနေပြီး ထိုင်းနိုင်ငံသားများအနေဖြင့်ကန့်ကွက်ရှုတ်ချ ပြောဆိုရေးသားမှုများ ဆက်လက်မြင့်တက်လာနေကြောင်း သိရှိရပါသည်။
0 Comments