အတုအယောင် ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲ
ကိုဂျွန်။
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးညီလာခံကျင်းပရတဲ့ အဓိကအကြောင်းကတော့ လာမယ့် ၂၀၂၅ နှစ်ကုန် ဒီဇင်ဘာလမှာ ရွေးကောက်ပွဲကျင်းပဖို့အတွက်ပဲဖြစ်ပါတယ်။ ဒါကိုပဲ အဓိကထားပြီး ဆွေးနွေးခဲ့ကြပါ တယ်။
စစ်ဗိုလ်ချုပ်တွေဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိုနှိုင်း ရေးကော်မတီ (NSPNC) က ဇွန်လ ၂၅ ရက်ကနေ ၂၇ ရက်အထိ နေပြည်တော် မင်္ဂလာသီရိဟိုတယ် မှာ ၃ ရက်တာ ကျင်းပခဲ့ပါတယ်။
အပစ်ရပ်လက်မှတ်ထိုးစာချုပ် (NCA) ကို ဆုပ်ကိုင်ထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တက်ရောက်ကြသလို NCA လက်မှတ်မထိုးထားတဲ့ ဝ အဖွဲ့အပါအဝင် (SSPP) ရှမ်းပြည်တပ်မတော် နဲ့ (NDAA) မိုင်းလားအဖွဲ့တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က လက်နက်ကိုင်တပ်ဖွဲ့တွေကို ငြိမ်း ချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ဆက်လက်ဖွင့်ထားပြီး နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြဖို့ဆိုပြီး အဲဒီအခမ်းအနားဖွင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။
လက်နက်ကိုင်လမ်းစဉ်စွန့်ကြဖို့၊ နိုင်ငံရေးပါတီကနေတဆင့် ရွေးကောက်ပွဲဝင်ကြဖို့ဆိုပြီး သူ့ဖက်က အသာစီးရထားသလို ပြောသွားပါသေးတယ်။
လက်ရှိတပြည်လုံးမှာ စစ်ဖြစ်နေတဲ့အချိန် စစ်ကောင်စီဟာ ငြိမ်းချမ်းရေးညီလာခံ ဘာကြောင့်လုပ်ရ သလဲ၊ ရွေးကောက်ပွဲနည်းလမ်းကိုလည်း ဘာကြောင့်စိုင်းပြင်းနေရတာပါလဲဆိုတာ လေ့လာကြည့်ရ အောင်ပါ။
စစ်တပ်ဟာ ၂၀၂၁ ကတည်းက လက်နက်နဲ့တိုင်းပြည်အာဏာကိုသိမ်းထားပြီး ၂၀၀၇ အခြေခံဥပဒေ ပြဌာန်းချက်နဲ့ ခြောက်လတစ်ကြိမ်စီသက်တမ်းတိုးကာ ပြည်သူကိုဖိနှိပ်ရက်စက်နေတာ ၄ နှစ်ကျော် နေပြီဖြစ်ပါတယ်။
ဥပဒေလက်တလုံးခြားနဲ့ တိုင်းပြည်အာဏာကိုလက်ကိုင်ထားနိုင်ဖို့ ခြောက်လတစ်ခါ သက်တမ်းတိုး နေရတာကနေ ရွေးကောက်ပွဲကနေ အာဏာဆက်ပြီးယူထားဖို့ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ သူ့ကိုအတိုက်အခံလုပ်နေတဲ့ ပြည်သူတွေအားကိုးကြတဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးတွေကို မတရားဖမ်းဆီးကာထောင်ချထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) စတဲ့ ပြည်သူတွေအားကိုးတဲ့နိုင်ငံရေးပါတီတွေကို မှတ်ပုံတင်လို့မရ အောင်လုပ်ခဲ့သလို စစ်တပ်အလိုကျ နိုင်ငံရေးလမ်းကြောင်းကနေ ဖယ်ရှားလိုက်ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီလို စစ်တပ်အသိုင်းအဝိုင်းတွေနဲ့ဖွဲ့စည်းထားတဲ့ပါတီ၊ ဦးကို ကိုကြီးရဲ့ ပြည်သူ့ပါတီ၊ ဒေါက်တာ သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ တို့လို စစ်ကောင်စီ လက်ဝေခံပါတီတွေနဲ့ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်နေကြပါတယ်။
စစ်ကောင်စီဟာ ဟန်ပြငြိမ်းချမ်းရေးလုပ်တာ၊ ဟန်ပြရွေးကောက်ပွဲလုပ်ချင်နေပေမယ့်လည်း စစ်အာ ဏာရှင်အမြစ်ဖြတ်ဖို့ဆိုတဲ့ ဘုံသဘောတူညီချက်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့အတူ PDF တွေက ပူးပေါင်းတော်လှန်နေကြလို့ စစ်တပ်ရဲ့စစ်တိုင်းကြီး ၂ ခုအထိ စွန့်လွှတ်ခဲ့ရပါတယ်။
ရှမ်း၊ ကချင်၊ ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ကရင်၊ ကယား စတဲ့ဒေသတွေက မြို့ပေါင်းတစ် ရာနီးပါးအထိ သိမ်းထားနိုင်ခဲ့ပြီဖြစ်ပါတယ်။
တိုင်းပြည်မငြိမ်မသက်ဖြစ်နေပြီး တစ်ပြည်လုံးကမြို့နယ်ပေါင်း ၃၃၀ မှာ မြို့နယ်ပေါင်း ၅၀ နီးပါးကို တော်လှန်ရေးလက်နက်ကိုင်တပ်တွေက စိုးမိုးနိုင်နေပြီဖြစ်ပါတယ်။
ခုလိုနယ်မြေတွေဆုံးရှုံးခံနေပေမယ့်လည်း ငြိမ်းချမ်းရေးညီလာခံကိုဗန်းပြပြီး ရွေးကောက်ပွဲနည်း လမ်းနဲ့ နိုင်ငံရေးထွက်ပေါက်ရဖို့ ကြိုးစားနေတာပါ။
လက်တွေ့ကတော့ ပြည်တွင်းမှာမငြိမ်းချမ်းသေးသလိုပဲ နိုင်ငံတကာရဲ့ဖိအားဒဏ်တွေကိုလည်း စစ် ကောင်စီရင်ဆိုင်နေရပါပြီ။
ဒါ့အပြင် ပြီးခဲ့တဲ့ဇွန်လ ၅ ရက်နေ့က ILO ကနေ ထိရောက်တဲ့အရေးယူမှုတွေလုပ်ဖို့ ပူပူနွေးနွေးဆုံး ဖြတ်ထားပြီးသားဖြစ်တဲ့အတွက် နိုင်ငံတကာကို မျက်လှည့်ပြဖို့အတွက် ဟန်ဆောင်ပြရပါဦးမယ်။
ILO နဲ့ နိုင်ငံတကာက အရေးယူမှုတွေလျော့ကျစေဖို့ အရင် နဝတ/နအဖ စစ်အစိုးရလက်ထက်တုန်း ကလိုပဲ ဓားစာခံအဖြစ်နဲ့ ဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရတာ၊ ရွေးကောက်ပွဲ ကျင်းပပေးရတာ စတဲ့ ဖြေလျော့ပေးမှုတွေကို ဟန်ဆောင်ပန်ဆောင်လုပ်ပြရပါတယ်။
ကဲ ဒီတော့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲက တရားမျှတမှုရှိတဲ့ရွေးကောက်ပွဲရော ဖြစ်နိုင်ပါဦး မလားဆိုတာ ဒီအချက်တွေအပေါ်မှာကြည့်ရင်သိသာပါတယ်။
စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ်မတရားဖိနှိပ်ရက်စက်တာတွေက အများကြီးရှိပါသေးတယ်။ လေ ကြောင်းကနေ ဗုံးကြဲတာ၊ ရွာတွေ၊ အိမ်တွေမီးရှို့တာ၊ စစ်ဘေးရှောင်ပြည်သူ ၃ သန်းကျော်အထိ ဖြစ် နေတာ၊ လူငယ်တွေကို မတရားစစ်မှုထမ်းခိုင်းတာတွေအပြင် ငွေကြေးဖောင်းပွလို့ ကုန်စျေးနှုန်းတွေ မတရားကြီးမြင့်နေတာတွေကို ပြည်သူတွေ ခါးစည်းခံနေရဆဲဖြစ်ပါတယ်။
စစ်ပွဲတွေကြောင့် မြို့ရွာတွေမရှိတော့လို့ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ ဘယ်လိုမဲဆွယ် စည်းရုံးကြမလဲ၊ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာသွားရသူတွေ ဘယ်လိုမဲပေးကြမလဲ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းအိမ်ကို အမြဲထိခိုက်အောင်ဒုက္ခပေးနေတဲ့ စစ်ကောင်စီကဦးဆောင်မယ့် ဒီရွေး ကောက်ပွဲဟာ တရားမျှတမယ့် ရွေးကောက်ပွဲဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူး။
အာဏာရှင်တို့ရဲ့လုပ်ရပ်ဖြစ်တဲ့ ပြည်သူကိုလက်နက်နဲ့ခြိမ်းခြောက်၊ အကြောက်တရားနဲ့သာ အုပ်ချုပ် ဖို့ ဒီမတရားတဲ့ရွေးကောက်ပွဲကို ပြည်သူတွေက တတ်နိုင်တဲ့နည်းနဲ့ ဆန့်ကျင်ကြဦးမှာပဲဖြစ်ပါတယ်ခင်ဗျာ။
0 Comments