Hot Posts

6/recent/ticker-posts

ဗိုလ်မှူး ဝဏ္ဏဌေး ဦးဆောင်တဲ့စစ်ကြောင်း နဲ့ကာကွယ်ရေးတပ်တို့ထိတွေ့မှုဖြစ်

 ဗိုလ်မှူး ဝဏ္ဏဌေး ဦးဆောင်တဲ့စစ်ကြောင်း နဲ့ကာကွယ်ရေးတပ်တို့ထိတွေ့မှုဖြစ်

စစ်အုပ်စုဘက်မှ ၃ ဦးသေဆုံးကာ ၁ ဦးအရှင်ဖမ်းဆီးမိ ၊ လက်နက်ခဲယမ်းမျိုးစုံသိမ်းဆည်းရရှိ
By - ထက်မြတ်
Date - June 13 2025
မန္တလေးတိုင်း ၊ တောင်သာမြို့နယ်မှာ ဗိုလ်မှူးအဆင့်ရှိ ဝဏ္ဏဌေး ဦးဆောင်တဲ့ စစ်ကောင်း နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တို့ ဇွန်လ ၁၂ ရက် မနက် ၁၀ နာရီလောက်မှာထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
တောင်သာကနေထွက်လာတဲ့ စစ်အုပ်စု နဲ့ ထနောင်းကုန်းကျေးရွာက ပျူစောထီးပူးပေါင်းတပ်ဖွဲ့တို့ဟာ ထောက်ပို့လမ်းကြောင်းအတွက် ချိတ်ဆက်မှုပြုလုပ်နေချိန် တောင်သာမြို့ရဲ့ အနောက်ဘက် ဆင်တဲဝချောင်း အနောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ အပြန်အလှန်ပစ်ခတ်မှု ၂ နာရီနည်းပါးဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
အပြန်အလှန်ပစ်ခတ်ချိန် စစ်အုပ်စုဘက်မှဓားစားခံဖြစ်ဖမ်းလာတဲ့ တောင်ကျွန်းရွာကဒေသခံ ၇ ဦးကိုလည်းကယ်နိုင်ခဲ့သလို စစ်အုပ်စုဘက်မှ ၃ ဦးသေဆုံးကာ ၊ အရှင်တစ်ဦးဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်းမျိုးစုံကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
“သူတို့တွေတက်လာတာ ကျနော်တို့မြင်တယ်။ လမ်းမှာတွေ့တဲ့ ပြည်သူတွေကို ထပ်ပြီးဓားစာခံလုပ်ဖို့ကြိုးစားနေချိန်မှာ စပစ်တာပေါ့ ၊ အပြန်အလှန်ပစ်ခတ်မှုက ပစ်လိုက်နားလိုက်ပေါ့ နောက်ဆုံး ကျနော်တို့အချိန်မဆွဲတော့ပဲ ဝင်လုံးတဲ့အချိန်မှာ ပစ္စည်းတွေ သိမ်းဆည်းရရှိတာပေါ့ အဲ့နေရာမှာပဲ ပြည်သူ ၇ ဦးကိုကယ်တင်နိုင်ခဲ့တာပေါ့ ခွေးဘက်က ၃ ကောင်သေတယ်အရှင်တစ်ကောင်မိတယ်”လို့ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ပစ်ခတ်မှုအတွင်း တပ်သား ကျောင်နိုင်ဝင်းကို ဖမ်းဆီးနိုင်ခဲ့ပြီး ကျန်စစ်ကောင်စီတပ်သားတွေကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ဆိုပါတယ်။
တိုက်ပွဲအတွင်း G3 အမျိုးအစားတစ်လက် ၊ MA3 အမျိုးအစားတစ်လက် ၊ RPG အဖူး ၁၀ ဖူး ၊ ကျည်ဘောက် ၃ ခု ၊ ကျည် ၁၁၈တောင့် ၊ Drone Jammer ၁ ခု နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တာပဲဖြစ်ပါတယ်။
အဆိုပါ ပစ်ခတ်မှုကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ မြင်းခြံခရိုင်တပ်ရင်း (၃) နဲ့ မဟာမိတ်တပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ကလည်း တောင်သာကနေ ဝဲလောင်ဘက်ကို ရိက္ခာပို့ဖို့သွားတဲ့ ကား ၂ စီးကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လမ်းပိုင်းတစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ အရှင်တစ်ဦးဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

Post a Comment

0 Comments