Hot Posts

6/recent/ticker-posts

ပေါက်ခေါင်းမှာ စစ်ကောင်စီတပ်သား(၂) ဦးထွက်ပြေး လို့ စစ်တပ်ကပစ်ခတ် ဖမ်းဆီး

 ပေါက်ခေါင်းမှာ စစ်ကောင်စီတပ်သား(၂) ဦးထွက်ပြေး လို့ စစ်တပ်ကပစ်ခတ် ဖမ်းဆီး


By − တင်အောင်(လူထု)
Date - June 20, 2025

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တောင်ပိုင်း ကြိုးကြာ ရွာ မှာ စစ်ကောင်စီတပ်သား (၂) ဦးထွက်ပြေး သွားခဲ့ရာ ပစ်ခတ်ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ယမန်နေ့ ဇွန်လ(၁၉) ရက်နေ့ နေ့လည်(၂) နာရီခန့်က ကြိုးကြာရွာ၊ ကန်ဘောင်မှာ ထွက်ပြေးသွားခဲ့တာဖြစ်ပြီး စစ်သားတွေကလိုက်လံပစ်ခတ်ဖမ်းဆီးရာမှာ (၁) ဦး ရဲ့ပေါင်ကိုကျည်ထိမှန် ကာ (၂) ဦးစလုံးကို ဖမ်းဆီးသွားတယ်လို့ ပြည်ခရိုင်တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

"တယောက်ကပေါင်ကိုကျည်မှန်တယ်။ မိတာနှစ်ယောက်လုံးကိုမိပြီး ကားပေါ်ဆွဲတင်သွားတယ်။ ခဏကြာတော့ အဲဒီကန်ဘောင်မှာ ငါးမျှားနေတဲ့သူတွေကိုလည်း လိုက်ပစ်ပြီး ဖမ်းဆီးသေးတယ်" လို့ သူကဆက်ပြောပါတယ်။

ပစ်ခတ်မှုအပြီးမြို့ပတ်လမ်းမှာလည်း စစ်ကောင်စီတပ်သားတွေ စစ်ဆေးရှာဖွေတာတွေ ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် အိုင်ဇောက်ရွာမှာ အင်အား(၅၀) ခန့် နဲ့ ကန်ကြီးရွာမှာ အင်အား(၁၀၀) ခန့်ရောက်ရှိခဲ့ပြီး ပဲခူးရိုးမပေါ်ကို စစ်ကြောင်းထိုးဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

အလားတူ ပေါင်းတည်မြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်တွေ ဟာ လူသားဒိုင်းလုပ်ကာ စစ်ကြောင်းထိုး ရွာမီးရှို့မှုတွေ ပြုလုပ်နေပြီး ဇွန်လ ၁၆ ရက်နေ့ကတော့ ဗျူဟာအမှတ်(၂၁) လက်အောက်ခံ ပြည်ခရိုင်,၃၆၀၁ တပ်ရင်း Sniper အဖွဲ့နဲ့ တပ်ရင်းစစ်ကြောင်းတို့က ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား (၄) ဦးသေဆုံးပြီး (၃) ဦးဒဏ်ရာရခဲ့ပါသေးတယ်။



Post a Comment

0 Comments