Hot Posts

6/recent/ticker-posts

ကော့ကရိတ်မြို့နယ် ပန်ရပ်ရွာ စာသင်ကျောင်းအနီး စစ်တပ်လေယာဉ်ဗုံးကြဲလို့ ကျောင်းသားအပါအဝင် ၆ ဦးနီးပါးသေဆုံး၊ ဒဏ်ရာရသူများနေ

 ကော့ကရိတ်မြို့နယ် ပန်ရပ်ရွာ စာသင်ကျောင်းအနီး စစ်တပ်လေယာဉ်ဗုံးကြဲလို့ ကျောင်းသားအပါအဝင် ၆ ဦးနီးပါးသေဆုံး၊ ဒဏ်ရာရသူများနေ

မော်လမြိုင်၊ ဇွန်လ - ၉ ရက်

မွန်နဲ့ ကရင်အစပ်ကြား ကော့ကရိတ်မြို့နယ် ပန်ရပ်ရွာရှိ စာသင်ကျောင်းအနီးကို ဒီနေ့မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ကလေးအပါအဝင် ၆ ဦးနီးပါးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

"သိရသလောက် ဗုံးက တလုံးပဲ ကြဲသွားတာ စာသင်ကျောင်းထဲမကျဘူး၊ ကျောင်းအနီး ကျတာ၊ ကလေးတွေနဲ့ လူကြီးတွေရော ထိတာပဲ၊ ကျောင်းသားကလေးတွေ သေတယ်။"လို့ ဖြစ်စဉ်ကို တဆင့်ခံ သိရှိထားတဲ့ ကော့ကရိတ်မြို့နယ် ကော့ဘိန်းရွာခံတဦးက ပြောပါတယ်။

လတ်တလော ရရှိထားတဲ့ သတင်းအရ သေဆုံးသူတွေထဲ ကျောင်းသား/သူ အနည်းဆုံး ၂ ဦးပါဝင်ပြီး ထိခိုက်ဒဏ်ရာရသူတွေထဲ အများစုက ကျောင်းသား/သူတွေ ဖြစ်ကြပါတယ်။

ဒီအခြေအနေကို အတည်ပြုနိုင်ဖို့ ရွာခံတွေထံ ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

နောက်ထပ် ဖြစ်စဉ်ကို သိရှိထားတဲ့ ကော့ဘိန်းရွာခံတဦးကလည်း တိုက်ပွဲဖြစ်ပွါးခြင်း မရှိဘဲ ဗုံးကြဲခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးသူ အများစုက ကျောင်းသား/သူတွေ ဖြစ်ကြတယ်လို့ ပြောပါတယ်။

ဒီကနေ့ ဇွန်လ ၉ ရက် နေ့လယ်  ၂ နာရီခန့်က ကော့ကရိတ်မြို့နယ် ပန်ရပ်ရွာဘက်ကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးတလုံးကြဲချခဲ့တာပါ။

လေယာဉ်ဗုံးကြဲခံရတဲ့ကျေးရွာမှာ တော်လှန်ရေးတပ်တွေဘက်က ဝင်ထွက်သွားလာတာမျိုး ရှိပေမယ့် တပ်စွဲနေထိုင်တာမျိုး မရှိဘူးလို့ အထက်ပါဒေသခံတွေက ပြောပါတယ်။

ဖြစ်စဉ်အသေးစိတ်ကို People's Radio Myanmar က စုံစမ်းနေဆဲဖြစ်ပါတယ်။

သတင်း - People's Radio Myanmar 

ဓာတ်ပုံ  - Social Media






Post a Comment

0 Comments