တရုတ်ကျားဖြန့်လုပ်ငန်းနဲ့အများစုရပ်တည်နေရတဲ့ မြဝတီမြို့မှာအွန်လိုင်းလိမ်လည်မှုများ ပပျောက်ရေးဟုဆိုကာ စစ်အုပ်စုက ဟောပြောပွဲဟန်ပြလုပ်
Date - February 12 , 2026
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း Onlineလိမ်လည်မှုလုပ်ငန်းများ ပပျောက်ရန်ဟုဆိုကာ ဖေဖော်ဝါရီ၉ရက်က
အမှတ်(၄)ရပ်ကွက် ၊
ဘုရင့်နောင်စျေး ဓမ္မာမှာ အွန်လိုင်းလိမ်လည်မှုနှိမ်နှင်းရေး
လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီဝင်များဟု အမည်တပ်ထားသည့် စစ်အုပ်စုလက်အောက်ခံ အုပ်ချုပ်ရေးမှုးများနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေက ဈေးသူဈေးသားများနဲ့
ရက်ကွက်သား တွေကိုခေါ်ယူပြီး ဟောပြောပွဲလုပ်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီမြဝတီမြို့မှာ တရုတ်ငွေလိမ်လုပ်ငန်းတွေ ဆက်ပြီးလုပ်ကိုင်နေကြဆဲဖြစ်ပြီး မြဝတီရပ်ကွက်သားအများစုမှာလဲ ကျားဖြန့်လုပ်ငန်းတွေမှာ အောက်ခြေသိမ်းလုပ်ငန်းများက စပြီး ငွေလိမ်အလုပ်တွေအထိလုပ်နေသူတွေရဲ့ ဝင်ငွေနဲ့
မိသားစုစားဝတ်နေရေး ရပ်တည်နေရတာ
အများစုဖြစ်နေတာပါ။
အခုလိုတစ်မြို့လုံးနီးပါးရှိ
ရပ်ကွက်နေရာတွေမှာ တရုတ်ကျားဖြန့်ရုံတွေကိုတော့ ဖမ်းဆီးနှိမ်နှင်းတာမျိုး မလုပ်ဘဲရပ်ကွက်ထဲကလူတွေကို ငွေလိမ်လုပ်ငန်းပပျောက်ရေးကော်မတီဖွဲ့ပြီး ဟောပြာပွဲလုပ်တာဟာ အရှက်မဲ့ကြတဲ့သူတွေရဲ့ဟန်ပြလုပ်ရပ်တွေလို့
မြဝတီရပ်ကွက်သားတွေကPRM ကိုပြောပါတယ်။
" ကျားဖျန့် တရုတ်တွေကမြဝတီရပ်ကွက်
၆ခုလုံးမှာ ရှိနေတာ ၊ အဲ့တာတွေတော့မဖမ်းရဲဘူး၊ ရပ်ကွက်ထဲ ၊
ဈေးထဲကလူတွေကိုအွန်လိုင်းလိမ်လည်မှု့ ပပျောက်ရေး ဟောပြာတာတဲ့
၊ရပ်ကွက်ကလူတွေကကျားဖျန့်မှာ အောက်ခြေသိမ်းအလုပ်ဝင်လုပ်တာ၊ တရုတ်စားသောက်ဆိုင်၊ တရုတ်ခြံစောင့်လုပ်တာ၊ ဂိမ်းရုံလုပ်တာကနေရတဲ့ငွေနဲ့ စားဝတ်နေရေးဖြေရှင်းတာမျိုးဘဲရှိတယ်၊ လာဘ်စားပြီးမသိခြင်ယောင်ဆောင်နေတဲ့သူတွေက ကျားဖြန့်ပပျောက်ရေးဟောပြာပွဲဆိုတော့ အရှက်မရှိတဲ့သူတွေလုပ်ကြတာမျိုးပေါ့နော်” ဟုပြောပါသည်။
လက်ရှိမြဝတီမြို့က ကရင်လက်နက်ကိုင်တွေထိန်းချုပ်ထားတဲ့
ကျားဖြန့်ခြံဝင်းတွေမှာ တစ်ခြားနေရာတွေက ရွေ့ပြောင်းလာပြီးကျားဖြန့်အလုပ် လုပ်ကိုင်ကြသူတွေ အများဆုံးရှိနေတဲ့ အခြေအနေကနေ
ဆက်ပြီး
လုပ်ကိုင်နေကြတဲ့အခြေအနေဆက်ရှိနေတယ်လို့ နောက်ထပ်မြဝတီရပ်ကွက်သားတစ်ဦးက ပြောပါတယ်။
" မြဝတီမှာကတစ်ခြားက ရောက်လာကြပြီးကျားဖြန့်လာလုပ်စားကြတဲ့သူတွေ အများကြီး၊ အိမ်ဌားနေကြတာကြည့်မလား၊
တိုက်တန်းတွေမှာနေတာကြည့်မလား၊ တရုတ်အဆောင်တွေမှာ နေနေကြတာတွေ အများကြီး ၊အဲ့လိုနေရာတွေမှာသွားဟောပြာကြပါလားလို့
ပြောခြင်တယ် ၊ ဒါမျိုးကျတော့လိုင်းကြေးယူပြီးမသိခြင်ယောင်ဆောင်နေကြတာ၊
ဖမ်းလည်းထောင်ချတာတရားစွဲတာမှ မရှိတော့ ငွေပေးပြီးပြန်လွတ်လာပြန်လုပ်ကြတာနဲ့ သံသရာလည် နေကြတာ၊ ကျားဖြန့်က ပပျောက်မှာမဟုတ်ဘူး" လို့ ပြောပါတယ်။
လတ်တလောမှာတော့မြဝတီမြို့က BGF ၊ KNA ၊ DKBAနဲ့ PC ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့တွေကတော့
သူတို့ရဲ့တရားမဝင်စီးပွားရေးဂိတ်တွေ ၊
ခြံတွေ ၊အိမ်ယာဝင်းတွေမှာ တရုတ်ကျားဖြန့်လုပ်ငန်းတွေကို
အကာအကွယ်ကျောထောက်နောက်ခံပေးထားတဲ့အခြေအနေနဲ့ ဆက်ပြီးလုပ်ကိုင်လည်ပတ် နေကြသလို
မြဝတီမြို့ပြင် ဖလူး၊ သေ့ကတေ၊ ကုက္ကို၊ ဝမ်ခ၊ ကျောက်ခက်၊ ဝေါလေ၊ ဘုရားသုံးဆူဒေသ ဘက်တွေမှာလည်း ကျားဖြန့်တွေဆက်ပြီးရှိနေတုန်းဘဲလို့ PRM ကသိရပါတယ်။
0 Comments