Hot Posts

6/recent/ticker-posts

ပြည် −ပေါက်ခေါင်းနယ်မြေထဲမှာ စစ်တပ် နဲ့ ကာကွယ်ရေးတပ်ထိတွေ့မှုဖြစ် ၊နှစ်ဖက် ထိခိုက်အပကျဆုံးမှုရှိ

ပြည် −ပေါက်ခေါင်းနယ်မြေထဲမှာ စစ်တပ် နဲ့ ကာကွယ်ရေးတပ်ထိတွေ့မှုဖြစ် ၊နှစ်ဖက် ထိခိုက်အပကျဆုံးမှုရှိ


By - ထက်မြတ်
Date - January 30 , 2026

ပဲခူးတိုင်း ၊ ပြည် − ပေါက်ခေါင်းနယ်ထဲကို စစ်ဆင်ဖို့ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၈ ရက် ညနေ ၅ နာရီ ၅၀ မိနစ်လောက်မှာ နယ်မြေရှင်းလင်းဖို့ထွက်လာတဲ့ တိုင်းဗဟို ၆ အမြှောက်တပ်ကနေ အင်အား ၁၅၀ ပါတဲ့ စစ်ကြောင်းဟာ အုတ်တွင်းမြို့နယ် ၊အုတ်တွင်း /ပေါက်ခေါင်းလမ်း ပိုင်းက ပြောင်းချောင်းရွာနားမှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ နဲ့ အပြန်အလှန်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲဒိတိုကိပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှ က စစ်သား ၅၀ ဝန်းကျင် လောက်သေဆုံး ပြီး တပ်ပျက်ကာထွက်ပြေးသွားခဲ့သလို ကာကွယ်ရေးပူးပေါင်းတပ်ဘက်ကကလည်း ရဲဘော် ၄ ဦးကျဆုံးပြီး ၊ ၅ ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက PRM ကိုပြောပါတယ်။

"တိုက်ပွဲကြာချိန်ကတော့ ၅ နာရီလောက်ကြာသွားတယ် သူတို့ဘက်ကတော့ ထုံးစံအတိုင်းလက်နက်ကြီးပစ်ကူတာတွေတောက်လျှောက်ပေးပါတယ် သူတို့ဘက်မှာတော့မှာတော့ ၅၀ ဦးထက်မနည်းကျဆုံးသွားတယ် ၊ကျနော်တို့ကာကွယ်ရေးတပ်တွေကတော့ ၄ ဦးကျဆုံးခဲ့ပါတယ်" လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊စစ်ဆင်ရေးနယ်မြေ (၂ )ပြန်ကြားရေးတာဝန်ခံ စောဒိုရှင်းက ပြောပါတယ်။

အဲဒီစစ်တပ်စစ်ကြောင်းဟာဇန်နဝါရီ ၂၀ရက်နေ့ကတည်းကတိုင်းဗဟို ၆ အမြှောက်တပ်ကနေ အင်အား ၁၂၀ ဝန်းကျင်နဲ့ ပေါက်ခေါင်းမြို့ထဲကိုရောက်လာခဲ့ပြီးအဲဒီကနေမြို့တွင်းစစ်တပ်ကစစ်ကူအင်အား၃၀ နဲ့ ထပ်ပေါင်းကာအုတ်တွင်း/ပေါက်ခေါင်းလမ်းပိုင်းကိုနယ်မြေရှင်းလင်းဖို့ ထွက်လာတဲ့ စစ်ကြောင်းလို့သိရပါတယ်။

လတ်တလောကာကွယ်ရေး ‌‌‌‌‌‌တပ်ဖွဲ့ တွေဖြတ် တောက်တိုက်ခိုက်လို့အကြမ်းဘက်စစ်တပ်ဘက်က သေနတ် ၃လက်၊ RPG၁ လက်၊ ၆၀ မမ စိန် ပြောင်း၁ လက် အပါအဝင် လက်နက်ကြီး၊လက်နက်ငယ် ကျည်နဲ့ ခဲယမ်းများ၊ ဗုံးသီး၊ မြေမြုတ်မိုင်း၊ ရှေ့ထွက်မိုင်းအပါအဝင်စစ်အသုံးအဆောင်ပစ္စည်း
သိမ်းဆည်းရရှိတယ်လို့ သိရပါတယ်။

အခုလိုဖြတ်တောက်တိုက်ခိုက်တာကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဗျူဟာ၂၁ ၊ ဗျူဟာ၂၂ ကွပ်ကဲမှုလက်အောက်ခံတပ်ရင်းများအပါအဝင် သာယာဝတီခရိုင်၊ ပဲခူးခရိုင်၊ ပြည်ခရိုင်၊ ရန်ကုန်ခရိုင်‌ ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ပြောစကားအရသိရပါသည်။



Post a Comment

0 Comments