စစ်အာဏာရှင် တော်လှန်ရေးကြောင့် ရုပ်ပိုင်း၊စိတ်ပိုင်း ထိခိုက်ခဲ့သူ တွေကို မုန့်လုပ်အတတ်မျှဝေသင်တန်းပေးနေတဲ့ ကိုဘာဘူ။
စစ်တပ်အာဏာမသိမ်းခင်က DJ ဖျော်ဖြေရေးသမားတစ်ယောက်အဖြစ်ရပ်တည်နေတဲ့လူငယ်တစ် ယောက်ဖြစ်တဲ့ကိုဘာဘူဟာအခုတော့ ထိုင်းမြန်မာနယ်စပ်နေရာမှာအချိုပွဲမုန့် တွေထုတ်လုပ် ရောင်းချရင်းစစ်အာဏာရှင်ဆန့်ကျင်တိုက်ပွဲဝင်နေသူတွေကိုတစ်ပိုင်တစ်နိုင်ထောက်ပို့ကူနေတဲ့ရဲဘော်တစ်ယောက်အဖြစ်ရပ်တည်နေပါတယ်။
သူက စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်ဖို့ ကျိုးစားနေရင်း တော်လှန်ရေးနယ်မြေထဲမှာ ၂၀၂၂ ခုနှစ်အတွင်းက လက်နက်ခဲယမ်း မတော်တစ်ဆမှု့ကနေ ဘယ်လက်တစ်ဖက် ထိခိုက်ဆုံးရှုံးခဲ့ရပြီး စိတ်ပိုင်း၊ရုပ်ပိုင်းထိခိုက်ခံစားခဲ့ရသူပါ။
အဲ့ဒိလိုအခြေအနေ တွေကနေရုန်းထွက်ခဲ့ပြီး ၂၀၂၄ ခုနှစ်ဆန်းပိုင်းမှာ မြန်မာမုန့် အချိုပွဲတွေစမ်းသပ်ပြုလုပ်ရောင်းချရာကနေအခု၂၀၂၅ ခုနှစ်ပိုင်းမှာတော့ ရောင်းတန်းဝင်ထုတ်လုပ်ဖြန့်ချီ ရောင်းချရတဲ့မြန်မာစားသာက်စရာ မုန့်အချိုပွဲတစ်ခုအဖြစ်တွင်ကျယ်လာနေပါပြီ။
သူ့ရဲ့ မြန်မာအချိုပွဲ မုန့်တွေကတော့ အရာသာထူးကဲပြီး နိုင်ငံရပ်ခြား ရောက်မြန်မာ နိုင်ငံသားတွေ အကြားမှာတော့စားလို့အကောင်းဆုံးနဲ့ ရောင်းအားကောင်းတဲ့ မုန့်တွေဖြစ်နေတာပါ။
အဲ့ဒိလို မုန့်လုပ်ငန်းကိုတစ်ပိုင်တစ်နိုင်ရပ်တည် လုပ်ကိုင်နိုင်လာတဲ့ ကိုဘာဘူ တစ်ယောက်အခု အချိန် မှာတော့ စစ်အာဏာရှင်ဆန့်ကျင်တဲ့တော် လှန်ရေးမှာပါဝင်ဝင်ခဲ့သူတွေရဲ့စိတ်ပိုင်း၊ရုပ်ပိုင်းထိခိုက်ခဲ့ကြတာတွေက လျှော့ပါးသက်သာပြီး သူ့လို တစ်ပိုင်တစ်နိုင်အသက်မွေးဝမ်းကြောင်းရပ်တည်နိုင်ဖို့အတွက် မုန့်လုပ်သင်တန်းတစ်ခုကိုသူစပြီးသင်ပြပေးနေပါတယ်။
အဲ့ဒိ မုန့်သင်တန်းမှာ လာရောက်သင်ကြားကြသူ တွေဟာ၊တော်လှန် ရေးနယ်မြေတွေမှာထိခိုက်ဒဏ်ရာရခဲ့သူတွေ၊ စိတ်ပိုင်း၊ရုပ်ပိုင်း အတွက်စိတ်ခွန်အားလိုအပ် နေသူတွေ၊CDM ဝန်ထမ်းတွေ အပါဝင် တဲ့ သင်တန်းသာ ၁၂ ဦးကိုသင်ပြပေးနေတာပါ။
အဲ့ဒိမုန့်သင်တန်းကိုပါဝင်တက်ရောက်သူတွေကို မုန့် အမျိုးအစား၊ အရသာအတွက် ပါဝင်ပစ္စည်း၊သန့်ရှင်းလတ်ဆပ်ဖို့အတွက် ပြင်ဆင်ရ တာ တွေ အပြင် ၊ပါဝင်ပစ္စည်းအချိုးအစားနဲ့အချိန်အတွယ်တွေကိုလည်းကိုဘာဘူ ကလက်တွေ့သင်ပြပေးနေတာကို မြင်တွေ့ရပါတယ်။
အခုသင်တန်းမှာပါဝင်တက်ရောက်နေတဲ့တော်လှန် ရေးရဲမေတစ်ဦးကလည်းသူအနေနဲ့ မုန့် တွေလုပ်ဖို့ သင်ရတာဂုဏ်ယူနေသလိုဒါဟာအမျိုးသမီးတွေ တတ် မြောက်သင့်တဲ့မုန့်လုပ်နည်းတွေဖြစ်ပြီး အသက်မွေးဝမ်းကြောင်းပညာတစ်ခုလည်းဖြစ်တယ်လို့သူကပြောပါတယ်။
အဲ့ဒါအပြင် သူ့အနေနဲ့ တော်လှန် ရေး ပြီးလို့ မြန်မာပြည်ပြန်ရချိန် မှာလည်း ပြည် တွင်းမှာဒီလိုမြန်မာမုန့်လုပ်တဲ့ အတတ် တွေ ပြန်ပြီး မျှ ဝေ သွားမယ်လို့ ပြောပါတယ်။
အခု သင်တန်းမှာပါဝင်တဲ့တော်လှန်ရေးနယ်မြေထဲကတိုက်ပွဲမှာ ရခဲ့တဲ့ခြေထောက်ဒဏ်ရာအတွက်ဆေးကုရင်းနားနေရတဲ့ကာလမှာအခုလို မြန်မာမုန့် တွေလုပ်တတ်ဖို့လာတတ်တာလို့ ပြောပါတယ် ။
အခု ကိုဘာဘူရဲ့ မြန်မာအချိုပွဲ မုန့် တွေကိုထိုင်းနိုင်ငံအတွင်းဖြန့်ချီရောင်းချနေတာမှာ မြန်မာနိုင်ငံသား တွေအပြင်ထိုင်းနိုငိငံသားတွေပါမှာယူစားသုံးတဲ့အထိ့ ပို့ဆောင်ပေးရတာတွေရှိနေပါပြီ။
သူက ဒီလိုမုန့်လုပ်ငန်းလေးကနေရရှိတဲ့ အကျိုးအမြတ်တွေကိုတော်လှန်ရေးနယ်မြေထဲက ရဲဘော်ရဲဘက် တွေရဲ့ လိုအပ်ချက်ရှိတဲ့အရာတွေကို ပံပိုး ပေးတာအပြင်စားသောက်စရာရိက္ခာတွေကိုထောက်ပို့ကူညီတာမျိုးလည်းလုပ်ပါသေးတယ်။
ဒီလိုအခြေအနေတွေအထိ့ကြိုးစားရပ်တည်လာနိုင် ပြီးတဲ့ နောက်မှာ သူ့ ရဲ့ ရှေ့ဆက် ရည်ရွယ်ချက် အနေနဲ့ ကတော့လူငယ်မျိုးဆက်သစ် တွေအတွက်သူလေ့လာတတ်သိပြီးလုပ်ငန်းခွင် အခြေအနေနဲ့ အတွေ့ အကြုံတွေကို သူသိပြီးတတ်မြောက်လာတဲ့အတွေ့အကြုံ တွေကို ဆက်ပြီးမျှဝေ တာ တွေ လုပ်သွားမယ်လို့ ပြောပါတယ် ခင်ဗျား။
0 Comments