Hot Posts

6/recent/ticker-posts

ရွှေကုက္ကိုလ် ငွေလိမ်ဂိုဏ်းက နိုင်ငံခြားသား ၃၄၆ ဦးကျော်ကို ဖမ်းဆီးတယ်လို့ ထိုင်းသတင်းတွေ ကဆိုပေမယ့် မြေပြင်မှာတော့ ပုံမှန်ငွေလိမ်အလုပ်တွေ ပြန်လုပ်နေကြပြီလို့သိရ

 ရွှေကုက္ကိုလ် ငွေလိမ်ဂိုဏ်းက နိုင်ငံခြားသား ၃၄၆ ဦးကျော်ကို ဖမ်းဆီးတယ်လို့ ထိုင်းသတင်းတွေ ကဆိုပေမယ့် မြေပြင်မှာတော့ ပုံမှန်ငွေလိမ်အလုပ်တွေ ပြန်လုပ်နေကြပြီလို့သိရ


By −People's Radio Myanmar
Date - November 19, 2025

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့နယ်၊ ရွှေကုက္ကိုလ် (ကျားဖြန့်) ငွေလိမ်လုပ်ငန်းတွေကို ကရင်နယ်ခြားစောင့်တပ် BGF ၊ အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့က နိုဝင်ဘာ၁၇ရက်က ဝင်ရောက်စီးနင်းကာ နိုင်ငံခြားသား ၃၄၆ ဦးကျော်ကို ဖမ်းဆီးပြီး ငွေလိမ်ရာမှာအသုံးပြုတဲ့ ကွန်ပျူတာနဲ့ လက်ကိုင်ဖုန်းအလုံးရာချီ သိမ်းဆည်းခဲ့တယ်လို့ ထိုင်းနိုင်ငံဘက်ကသတင်းတွေဖော်ပြနေပါတယ်။

အဲ့ဒီ ငွေလိမ်လုပ်ငန်းအဆောက်အအုံထဲကို စီးနှင်းတယ်ဆိုတဲ့ ရုပ်သံမှတ်တမ်းတစ်ခုမှာတော့ တိုက်အခန်းတွေထဲမှာ အလုပ်လုပ်နေတဲ့ ကွန်ပျူတာနဲ့ စားပွဲခုံ ၃၀ မှ ၅၀အထိရှိနေပြီး ငွေလိမ်အလုပ်သမားတွေ စားပွဲခုံအောက်မှာ ပုန်းအောင်းနေကြတဲ့ အခြေအနေကို ရုပ်သံ မှတ်တမ်းမှာ တွေ့ရပါတယ်။

မြေပြင်မှာတော့ အဲ့ဒီလို BGF ပူးပေါင်းအဖွဲ့က ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့အပြီး ညပိုင်းမှာတော့ ငွေလိမ်လုပ်ငန်းနေရာတွေမှာ ပုံမှန်အလုပ်ပြန်လုပ်လို့ရနေပြီးလို့ ငွေလိမ်လုပ်ငန်း အလုပ်သမားကွန်ယက်တယ်လီဂရမ်ချန်နယ်တွေထဲမှ အုပ်စုဝင်ထားတဲ့ ငွေလိမ်လုပ်သား သတင်းအရင်းအမြစ်ကနေ သိရပါတယ်။

" မနေ့က ရထိုက် တရုတ်နေရာတွေဝင်ဖမ်းပြတာ လူ ၃၀၀ကျော် ထိန်းထားတယ် ရထိုက်ဝင်းထဲ မှာဘဲ၊ ကွန်ပျူတာတွေ၊ ဖုန်းတွေသိမ်းတယ်ပေါ့လေ ထိုင်းသတင်းထဲ ရုပ်သံတွေတွေ့ရတယ်၊ ကျန်တဲ့နေရာတွေ မီးပိတ်၊ အပြင်မထွက်ရ၊ တိုက်တွေအကုန်သော့ခတ်လော့ချထားတယ်၊ ညဘက်ကျတော့ ထိုင်းဘက်ကမ်းက မမြင်ရတဲ့နေရာတွေ ဘက်က တရုတ်ဆိုဒ်တွေ အလုပ်ပြန်ဆင်းနေရတယ်လို့ လိုင်းဂရု၊ တယ်လီဂရမ်ဂရုတွေမှာ ပြောနေကြပြီ၊‌ နောက်နှစ်ရက်လောက်ဆို ပုံမှန်ပြန်ဖြစ်ပြီလို့ ပြောနေကြတယ်"

လက်ရှိမှာတော့ တရုတ်အပါအဝင် နိုင်ငံခြားသား ၃၄၆ ဦးကို BGF က ထိန်းသိမ်းထားပြီး အကြမ်းဖက်စစ်တပ်ဘက် လွဲပြောင်းချုပ်နှောင်အပ်နှံတဲ့ အခြေအနေရှိမရှိနဲ့ ငွေလိမ်ကွန်ပျူတာပစ္စည်း တွေ ဖျက်စီးတာ၊ ငွေလိမ်အဆောက်အအုံတွေ ဖြိုချဖျက်ဆီးတာကိုတော့ ရွှေကုက္ကိုလ်နယ်မြေထဲမှာ မတွေ့ရသေးပါဘူး။


Post a Comment

0 Comments