Hot Posts

6/recent/ticker-posts

ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းဆောင်ရတဲ့ တပ်သား ၂ ဦးထွက်ပြေးလာ

ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းဆောင်ရတဲ့ တပ်သား ၂ ဦးထွက်ပြေးလာ

_

By - ထက်မြတ်

Date - August 4 , 2025


ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ မင်းလှဆည်ဘောင်က‌ေန တပ်သား ၂ ဦး ထွက်ပြေးလာတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ဩဂုတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။


ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက် မနက် ၈ နာရီ‌ေလာက်မှာ အဆိုပါ တပ်သား ၂ ဦးဟာ မင်းလှဆည်ဘောင်ကနေ ထွက်ပြေးလာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ တွေ့ပြီး ဖမ်းဆီးခြင်းခံရလိုက်ရတယ်လို့ ဆိုပါတယ်။


"ဆည်ဘောင်မှာကျွန်တော်တို့စစ်ကြောင်းကသူတို့ကိုမသင်္ကာတာနဲ့စစ်မေးမှ စစ်မှုထမ်းတပ်သားသစ်တွေဆိုတာသိရတာ၊ မတရားပေါ်တာဆွဲခံရပြီးစခတပ်ထဲရောက်ခဲ့ရသူတွေမို့ အခြေအနေခဏစောင့်ကြည့်ပြီး ပြန်လွတ်ပေးဖို့စီစဥ်ထားပါတယ်" လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။


၎င်း တို့ ၂ ဦးထဲက တစ်ဦးဟာ မတ်လ ၁၄ ရက်နေ့က သစ်ရောင်းပြီ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် တောင်သုံးလုံးရွာသစ်မှာ ဖမ်းဆီးခံလိုက်ရကြောင်း နဲ့ နောက်တစ်ဦးကတော့ မတ်လ ၂၈ ရက်နေ့မှာ ကိုင်းပြင်ကြီးရွာထိပ်မှာ ဝါးခုတ်စဉ် ဖမ်းဆီးခံလိုက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ် ။


ဖမ်းဆီးခံရပြီးနောက် သက်ဆိုင်ရာမြို့နယ်ထွေအုပ်ရုံးများမှတဆင့် ရန်ကုန်တိုင်း၊ လှည်ကူးမြို့နယ်၊ ရဲမွန်တပ်မြို့ သင်တန်းကျောင်းကိုပို့ခံရကာ စစ်မှုထမ်း အပတ်စဥ်(၁၂)အဖြစ် ၁၁ပတ်ကြာ စစ်သင်တန်း တက်ခဲ့ရပါတယ်။


အဲဒီနောက်  ရခိုင်ပြည်နယ်ဘက်ကိုပို့ဖို့အတွက်  လှိုင်မြို့နယ်ရှိ ဘုရင့်နောင် စစ်ကြောရေးမှာ လူစုနေစဥ် ဇူလိုင်လ ၂၁ ရက်နေ့မှာ ထွက်ပြေးလာခဲ့တယ်လို့ ဆိုပါတယ်။


လက်ရှိမှာတော့ ၎င်း တို့ ၂ ဦးဟာ လက်နက်ကိုင်တာမျိုး ဆက်မလုပ်တော့ပဲ မိသားစုတွေ နဲ့သာ အေးအေးဆေးဆေးနေထိုင်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။




Post a Comment

0 Comments