Hot Posts

6/recent/ticker-posts

 စစ်မှုထမ်းစုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သား ၃ဦး KNU တပ်မဟာ ၄ထံ လက်နက်နဲ့တကွအလင်းဝင်

By− နော်အယ်နီး

Date- July 21, 2025


တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြိုနယ်မှာ စစ်မှုထမ်းစုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သား ၃ဦး KNU တပ်မဟာ ၄ထံ လက်နက်နဲ့တကွအလင်းဝင်လာခဲ့တယ်လို KNU ဆီကနေ သိရပါတယ်။ 


ဇူလိုင်လ ၂၀ရက်နေ့က ထိုင်း−မြန်မာနယ်စပ်ရှိ မောတောင်ကုန်သွယ်ရေးလမ်းပိုင်းက သိန်းခွန်းရွာရှိ စစ်ကောင်စီတပ်ရှေ့တန်းစခန်းက စစ်မှုထမ်းစုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သား ၂ဦးဟာ KNLA တပ်ရင်း ၁၁ဆီ ထွက်ပြေးလာတဲ့တာဖြစ်တယ်လို ဆိုပါတယ်။ 


အဆိုပါစစ်ကောင်စီတပ်သား ၂ဦးဟာ ထားဝယ်အခြေစိုက် ခလရ ၂၉၇နဲ့ ပလောက်အခြေစိုက် ခလရ ၂၈၀ တပ်ရင်းတွေကဖြစ်ကြပြီး မောတောင်ကုန်းသွယ်ရေးလမ်းပိုင်းက ရှေ့တန်းစခန်းကို ပိုဆောင်ခံခဲ့ရတာဖြစ်တယ်လို သိရပါတယ်။ 


“၂၀၂၄ ၂၀၂၅ နောက်ပိုင်းမှာ ထွက်ပြေးလာတဲ့ စစ်သားတွေက များသောအားဖြင့် အတင်းစုဆောင်းခံရတဲ့ လူတွေဖြစ်တယ်။ သူတိုက သင်တန်းပြီးတာနဲ့ ရှေ့တန်းကို ပိုခံရတာပေါ့နော်” လို KNU တပ်မဟာ ၄ မြိတ်−ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နား ပြောပါတယ်။ 


ဒါ့အပြင် ဇူလိုင်လ ၁၉ရက်နေ့ကလည်း မြိတ်အခြေစိုက် ခလရ ၁၀၃တပ်ရင်းက စစ်ကောင်စီတပ်သား ၁ဦးဟာလည်း မောတောင်ရှေ့တန်းစခန်းမှာ တာဝန်ကျနေတဲ့အချိန် KNLA  တပ်ရင်း ၁၁ ဆီ အလင်းဝင်လာခဲ့တယ်လို ပဒိုစောအယ်နားက ဆက်ပြောပါတယ်။ 


“ သူက ထွက်ပြေးတဲ့အချိန်မှာ သူနဲ့သူ့သူငယ်ချင်းတစ်ယောက်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ စစ်သားတွေက လိုက်ဖမ်းပေးတဲ့အတွက် သူ့သူငယ်ချင်းပြန်ပါသွားတယ်။ သူဘဲ့လွတ်လာတယ်” လိုသူက ပြောပါတယ်။ 


အလင်းဝင်ရောက်သူ ၃ဦးမှာ ၂ဦးကတော့ MA1 သေနတ် ၂လက်၊ ကျည်ဘောင့်နဲ့ ကျည်တွေကို ယူဆောင်လာခဲ့တယ်လို သိရပါတယ်။ 


အခုလက်ရှိမှာတော့ စစ်ကောင်စီတပ်သား ၅ဦးကို KNLA တပ်ရင်း(၁၁)ဆီမှာဘဲ့ထားရှိထားပြီး ရှေ့ဆက် သူတိုရဲ့ဆန္ဒအတိုင်း လိုက်လျောလုပ်ဆောင်သွားမှာဖြစ်တယ်လို KNU မြိတ်−ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ဆိုပါတယ်။ 


တနင်္သာရီ−မောတောင်လမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေဟာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ထိုးစစ်ဆင်နေတာ ၆လကျော်ရှိပြီဖြစ်ပြီး နှစ်ဖက်တိုက်ပွဲတွေလည်း ပြင်းထန်နေတဲ့ နေရာဖြစ်တာပါတယ်။


တနင်္သာရီတိုင်းမှာ ဇူလိုင်လအတွင်း တော်လှန်ရေးတပ်တွေဆီ အလင်းဝင်ရောက်လာသူ ဗိုလ်ကြီး ၂ဦးအပါအဝင် ၁၈ဦး ထိရှိလာပြီဖြစ်ပါတယ်။ 



ပုံ− အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားများ

Post a Comment

0 Comments