Hot Posts

6/recent/ticker-posts

ထိုင်း−မြန်မာနယ်စပ်က ကျားဖြန့်ငွေလိမ်လုပ်ငန်းနေရာတွေ ပုံမှန်ပြန်လုပ်ကိုင်‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လို့ရနေ

 ထိုင်း−မြန်မာနယ်စပ်က ကျားဖြန့်ငွေလိမ်လုပ်ငန်းနေရာတွေ ပုံမှန်ပြန်လုပ်ကိုင်‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လို့ရနေ


By - People’s Radio Myanmar
Date - 20 February 2026

ထိုင်း−မြန်မာနယ်စပ် မြဝတီမြို့‌‌ရပ်ကွက်မြေနေရာများတွင် ကရင်အပစ်ရပ်လက်နက်ကိုင်အဖွဲ့ ဂိတ်ဝင်များ၊ ခြံဝင်းနှင့် လူနေတိုက်ခန်းတန်းလျှားများတွင် တရားမဝင်တရုတ်နိုင်နိုင်ငံသားအပါအဝင်၊ နိုင်ငံခြားသားတွေ ကျားဖြန့်ငွေလိမ်လုပ်ငန်းကို ပြန်လည်လုပ်ကိုင်နေကြတာမျိုး ဆက်ပြီးရှိနေတယ်လို့ PRM သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်စက်တင်ဘာလက စပြီး ဒီဇင်ဘာလအထိ အကြမ်းဖက်စစ်တပ်က ကျားဖြန့် ငွေလိမ်ခြံဝင်းတစ်ချိူ့ကို တိုက်ခိုက်စီးနှင်းသိမ်းပိုက်ခဲ့ပြီး ဖြိုဖျက်တာတွေလုပ်ခဲ့သလို၊ KNU ကရင်အမျိုးသားအစည်းအရုံးဘက်ကလည်း ကျားဖြန့်တိုက်ဖျက်ရေး မစ်ရှင်အနေနဲ့ မင်းလက်ပံကျေးရွာက တရုတ်ကျားဖျန့်ခြံဝင်းတစ်ခုကို သိမ်းပိုက်ရှင်းလင်းခဲ့ပါတယ်။

အဲ့ဒီ နောက်ပိုင်းကနေ အခု၂၀၂၆ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီလမှာတော့ ရွှေကုက္ကို၊ ကျောက်ခက်၊ ဝေါလေ၊ မြဝတီ၊ ဘုရားသုံးဆူဒေသတွေမှာ လူသစ်ခေါ်တာ၊ နေရာသစ်တည်ဆောက်တာနဲ့ ကျားဖြန့်လုပ်ငန်းနေရာသစ်တွေ ပြန်လုပ်နေကြပြီလို့ ငွေလိမ်လုပ်ငန်းတွေနဲ့ နီးစပ်တဲ့ အလုပ်သမားအကျိုးဆောင်တစ်ဦးက PRM ကိုပြောပါတယ်။

" ပုံမှန်ပြန်ဖြစ်နေပြီလေ၊ လူသစ်၊ နေရာသစ်တွေပြန်လုပ်နေကြပြီ၊ စစ်တပ်နဲ့ညှိပြီး အဖမ်းပြ၊ အဖျက်ပြ၊ ဝင်စစ်တာ‌တွေပြပြီးပြီး၊ သတင်းတွေထဲလည်း ကျားဖြန့်နှိမ်နှင်းလိုက်ပြီဆိုတာမျိုးလွှင့်ပြီးပြီဆိုတော့ အခု ပြန်ပြီးလည်ပတ်နေကြပြီ၊ ရှောင်နေရတဲ့အလုပ်သမားတွေလည်း သူဌေးပြန်ခါ်တာတွေလုပ် နေပြီ၊ ကျားဖြန့်က တစ်နေရာမဟုတ်တစ်နရာတော့ ရွေ့လုပ်နေမှာဘဲ ၊ အမြစ်မပြတ်မှာမဟုတ်ဘူးလို့ အလုပ်သမားရှာဖွေရေးအကျိုးဆောင်ကပြောပါတယ်။

အကြမ်းဖက်စစ်တပ်က ကျားဖြန့်တွေနှိမ်နှင်းတယ်လို့ သတင်းတွေထုတ်ပြန်ရှင်းလင်းပေမယ့် မြေပြင်လက်တွေ့မှာတော့ နိုင်ငံခြားသားတွေကို ပြည်နှင်ပြန်ပို့တာကလွဲလို့ ကျားဖြန့်လုပ်သူ ၊ လူကုန်ကူးသူ၊ ညှင်းပန်နှိပ်စက်ခိုင်းအလုပ်ခိုင်းကြတာမျိုး ကျူးလွန်ကြတဲ့လက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေကို အရေးယူဖော်ထုတ် ဖမ်းဆီးရမိတာမျိုးမတွေ့ရပါဘူး။

လတ်တလောမှာတော့ ထိုင်း−မြန်မာနယ်စပ်ဘက်ကို တရုတ်ကျားဖြန့်ရုံတွေက ထွက်ပြေးကြတဲ့ နိုငိငံခြားသားနဲ့ တရုတ်နိုငိငံသားတွေကို မဲဆောက်မြို့နယ်စပ်နေရာတွေမှာ နေ့တိုင်းနီးပါးဖမ်းဆီးရမိနေတာမျိုးတွေရှိနေတယ်လို့ ထိုင်းမြန်မာနယ်စပ်က သတင်းအရင်းအမြစ်က ပြောပါတယ်။

"ကျားဖြန့်တွေက မဲဆောက်မှာလည်းရှိနေတယ်၊ မြဝတီဘက်မှာလည်းရှိနေတယ်၊ သူတို့အချိတ်အဆက်နဲ့လုပ်‌နေကြတုန်းဘဲ၊ ကျားဖြန့်ဆိုဒ်တွေ ကလုပ်မနိုင်လို့ မဲဆောက်ဘက်ပြန်ပြေးလာတာလည်း ထိုင်းစစ်တပ်မိတာတွေက ကျောက်ခက်၊ မြဝတီနဲ့ ကုက္ကိုဘက်က စစ်တပ်တွေမိနေတာဘဲ၊ မဲဆောက်တောမောင်းအချုပ်၊ တာခ်ခရိုင်အချုပ်မှာလဲ ပြန်မလွဲရသေးတဲ့နိုင်ငံခြားသားတွေအများကြီးရှိနေသေးတယ်လို့ သိရပါတယ်။

အခုလို တရုတ်တရားမဝင်ငွေလိမ်လုပ်ငန်းနေရာတွေကို အမြစ်ပြတ်ချေမှုန်းတာမျိုးမဟုတ်ဘဲ ဟန်ပြသာလုပ်ဆောင်နေတဲ့အပေါ် မြဝတီမြို့ခံတွေကတော့ ဒါဟာမြဝတီလိုလက်နက်ကိုင်အဖွဲ့ တွေမျိုးစုံအဖွဲ့စုံရှိနေတဲ့ နယ်စပ်မြို့မှာ ပုံမှန်ဖြစ်ပျက်နေကြ မှောင်ခိုလုပ်ငန်း၊ မူးယစ်ဆေးဝါးရောင်းဝယ်လုပ်ငန်း၊ လူကုန်ကူးလုပ်ငန်း၊ ကျားဖြန့်ငွေလိမ်လုပ်ငန်းနဲ့ လောင်းကစားလုပ်ငန်းတွေဟာ နိုင်ငံရဲ့တရားဥပဒေ စိုးမိုးထိမ်းချုပ်နိုင်မှုမရှိသေးသရွေ့ ပပျောက်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။




Post a Comment

0 Comments