GZA စစ်ဦးစီးချုပ်အပါတပ်ဖွဲ့ဝင် ၅ ဦး နဲ့ YDF တပ်ဖွဲ့ဝင် ၂ ဦး လုပ်ကြံခံရ ၊ ညှိနှိုင်းဖို့သွားတဲ့ GZA တပ်ဖွဲ့ဝင် ၆ ဦးကိုလည်းဖမ်းဆီးထား
မကွေးတိုင်း ၊ ထီးလင်းမြို့နယ်ကနေ အလုပ်ကိစ္စတွေပြီးမြောက်လို့ ဌာနေကိုပြန်လာတဲ့ Generation Z Army (GZA) စစ်ဦးစီးချုပ်အပါအဝင် တပ်ဖွဲ့ဝင် ၅ ဦး နဲ့ YDF တပ်ဖွဲ့ဝင် ၂ ဦးတို့ဟာ ဇူလိုင်လ ၁၅ ရက် နေ့လည် ၂ နာရီ ၅၀ မိနစ်လောက်မှာ လုပ်ကြံခံခဲ့ရတယ်လို့ Generation Z Army (GZA)ကထုတ်ပြန်ထားပါတယ်။
GZA ရဲ့ စစ်ဦးစီးချုပ် ၊ ဗဟိုစစ်ရုံးချုပ် − ကိုယ်ရေးအရာရှိတစ်ယောက် ၊ အမှတ် − ၂ တပ်ရင်းမှ တပ်ရင်းမှူး တစ်ယောက် ၊ ဆေးသူနာပြု ၂ ယောက်အပြင် ၊ ယောကာကွယ်ရေးတပ် YDF ရဲ့ လုံခြုံရေးတပ်မှူး တစ်ယောက် နဲ့ လုံခြုံရေးတပ်သားတစ်ယောက် စုစုပေါင်း ၇ ယောက်ဟာ ဂန့်ဂေါခရိုင် ၊ ကန်စွန်းထောင့်ရွာ နဲ့ ယင်းမာကျေးရွာကြားမှာ လုပ်ကြံခံခဲ့ရပါတယ်။
လက်ကြံခံရတဲ့နေရာ နဲ့ အနီးတစ်ဝိုက်မှာ ဂန့်ဂေါခရိုင်တပ်ရင်း ၁၀ တပ်ခွဲ ၇ စခန်းရှိပြီး လုပ်ကြံသူတွေထဲမှာ ဂန့်ဂေါခရိုင်တပ်ရင်း ယူနီဖောင်းဝတ်ဆင်ထားသူတွေဟာ အင်အား ၂၃ ယောက် နဲ့ ပစ်ခတ်မှုကို ကျူးလွန်ခဲ့တာဖြစ်တယ်လို့ GZA တပ်ဖွဲ့က ရေးသားဖော်ပြထားပါတယ်။
ပစ်ခတ်မှုအတွင်း GZA ရဲ့ စစ်ဦးစီးချုပ် ကိုအောင်ကျော်မျိုးထက် နဲ့ ဆေးသူနာပြု ၁ တို့လွှတ်မြောက်ခဲ့ပြီး ကျန်ဆေးသူနာပြု ၂ ကတော့ ဆိုင်ကယ်ပေါ်ကနေပြုတ်ကျပြီး ဖမ်းဆီးချင်းခံလိုက်ရပါတယ်။အဲဒီနောက် GZA ရဲ့ ဗဟိုစစ်ရုံးချုပ် − ကိုယ်ရေးအရာရှိ ကိုပါကြီး နဲ့ အမှတ် − ၂ တပ်ရင်း − တပ်ရင်းမှူး ကိုဘီးလူးတို့ဟာ လုပ်ကြံသူများကို ပြန်လည်ခုခံရင်း ၎င်းတို့ ၂ ဦးဟာ ဒဏ်ရာပြင်းထန်ရရှိကာ လုပ်ကြံသူတွေရဲ့ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။
ယင်းနောက် ပစ်ခတ်မှုတွေဆက်မလုပ်တော့ပဲ ညှိနှိုင်းမယ်လို့ လုပ်ကြံသူတပ်ဖွဲ့ကခေါ်ယူခဲ့တဲ့အတွက် GZA တပ်ဖွဲ့ဝင် ၆ ဦးလက်နက်အပြည့်စုံ နဲ့ သွားရောက်တဲ့အချိန်မှာလည်း အဆိုပါတပ်သား ၆ ဦးကိုလက်ဆက်ဖမ်း
ဆီးလိုက်တယ်လို့ GZA တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ဖမ်းထားတဲ့လူလည်းပြန်မလွတ်ပေးဘူး ညှိနှိုင်းဖို့ဆိုပြီးတော့ ကျနော်တို့လွှတ်လိုက်တဲ့ ၆ ယောက်ကိုလူရော ၊ လက်နက်တွေရောဖမ်းသွားတယ်” လို့ ဆိုပါတယ်။
အဲဒီနောက်ကျည်ထိမှန်ထားလို့ ဒဏ်ရာပြင်းထန်ရနေတဲ့ ကိုပါကြီး နဲ့ ကိုဘီးလူးတို့ ၂ ဦးကို ဂန့်ဂေါခရိုင်တပ်ရင်း (၁၀) တပ်ခွဲ (၇) စခန်းရှိ ဆေးမှူး နဲ့ တွေ့ပြီး ဆေးကုသမှုခံယူခဲ့ရပါတယ်။ယင်းနောက်လူနာ ၂ ဦးဟာ ဒဏ်ရာပြင်းထန်တဲ့အတွက် အဆိုပါဆေးမှူးဟာ ကန်စွန်းထောင်းရွာဆေးခန်းရှိ ရပ်ကျေးဆေးမှူးထံလွှဲပြောင်းပေးခဲ့ပါတယ်။
ထိုမှတစ်ဆင့်ကိုပါကြီးနဲ့ကိုဘီးလူးကန်စွန်းထောင်းရွာရှိရပ်ကျေးဆေးမှူးကတိုက်နယ်ဆေးရုံမှုးထံလွှဲပြောင်းဖို့ကြိုးစားခဲ့ရာ GZA တပ်ဖွဲ့မှ လမ်းမှာဖြတ်ပြီး အဆိုပါတပ်ဖွဲ့ဝင် ၂ ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“အခြားဆေးခန်းကိုကားတစ်စီးနဲ့လွှဲတဲ့အချိန်မှာကျနော်တို့ကအဲ့ကားကိုလမ်းတစ်ဝက်မှာဖြတ်ခေါ်ထားလိုက်တာ ကိုပါကြီး နဲ့ ကိုဘီးလူးကို ” လို့ အထက်ပါတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။
ပစ်ခတ်မှုအတွင်း GZA ရဲ့ ဗဟိုစစ်ရုံးချုပ် − ကိုယ်ရေးအရာရှိ ကိုပါကြီးဟာ ဦးခေါင်း ၊ ရင်ဘတ် ၊ လက် နဲ့ ပေါင်တို့ကိုထိမှန်ခဲ့တဲ့အတွက် စိုးရိမ်ရတဲ့အခြေအနေဖြစ်ပြီး ၊ GZA ရဲ့ အမှတ် − ၂ တပ်ရင်း − တပ်ရင်းမှူး ကိုဘီလူးကတော့ပေါင်မှာထိမှန်ဒဏ်ရာရရှိခဲ့ပြီးအသက်အန္တရာယ်မစိုးရိမ်ရပေမဲ့လည်းနာတာရှည်ခံစားရမဲ့ဝေဒနာ ခံစားရမှာကို စိုးရိမ်ရတဲ့အနေအထားရှိတယ်လို့ဆိုပါတယ်။
၎င်းတို့ ၂ ဦးကိုဖမ်းဆီးထားချိန်မှာလည်း လုပ်ကြံသူတွေဟာ သေနတ်ဒင် နဲ့ ခေါင်းကိုရိုက်နက်ခဲ့တဲ့အပြင် ညှင်းပမ်းနှိမ့်စက်မှုတွေကိုလည်းပြုလုပ်ခဲ့သေးတယ်လို့ဆိုပါတယ်။ဒါ့အပြင်လုပ်ကြံသူတွေဖမ်းဆီးထားချိန်မှာလည်းကိုပါကြီးနဲ့ကိုဘီးလူးကိုအခင်းဖြစ်ပွားရာနေရာမှာသတ်ဖို့ရည်ရွယ်ခဲ့ပေမဲ့လည်းယောကာကွယ်ရေးတပ် (YDF)ကိုပုန်ကန်သူတပ်မှူးကိုဆန်းကိုဦးတားမြစ်ခဲ့တဲ့အတွက်သတ်ဖြတ်ချင်းမပြုလုပ်ခဲ့ဘူးလို့ထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါတယ်။
လုပ်ကြံသူတွေထဲမှာ ဂန့်ဂေါခရိုင်တပ်ရင်း (၁၀) တပ်ခွဲ (၇) ၊ ယောကာကွယ်ရေးတပ် (YDF) ကိုပုန်ကန်သူ တပ်မှူးများ ကိုကောင်းကောင်း ၊ ကိုယောလင်း ၊ ကိုဆန်းကိုဦး တို့ပါဝင်ခဲ့ကြတယ်လို့ဆိုပါတယ်။အဲဒီထဲက ကိုကောင်းကောင်း နဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့က ယောကာကွယ်ရေးတပ် ( YDF) ရဲ့ အကျဉ်းထောင်ကနေ ထောင်ဖောက်ကာထွက်ပြေးသွားသူတွေပဲဖြစ်ပါတယ်။
အဆိုပါလုပ်ကြံမှုထဲမှာ ဂန့်ဂေါခရိုင်တပ်ရင်း (၁၀) တပ်ခွဲ (၇) ပါဝင်တယ်လို့ GZA တပ်ဖွဲ့ကရေးသားထားပေမဲ့ ဂန့်ဂေါခရိုင်တပ်ရင်း (၁၀) က တပ်ရင်းမှူးမှ ပစ်ခတ်မှုအတွင်းပါဝင်မှုမရှိကြောင်း ၊ ပစ်ခတ်မှုကိုလည်းဒေသခံတွေ ပြောမှသာသိရကြောင်း ၊ ၎င်းတို့ကို တမင်တကာစွပ်စွဲကြောင်းကိုလည်း အခုလိုပြောပါတယ်။
“ ဒါကစွပ်စွဲတာပါ ။ ကျနော်တို့ကလေးတွေ အဲ့မှာတစ်ယောက်မှမရှိပါဘူး ၊ ကျနော့်တပ်ရင်းနယ်မြေထဲ လေ့ကျင့်နေကြတာ ၊ ကျနော့်ကို ရွာသားတွေ ၊ ပလဖတွေ လှန်းခေါ်တယ် ပစ်ခတ်မှုဖြစ်တယ်လာခဲ့အုံးဆိုလို့
ကျနော်သွားခဲ့ပါတယ်။ သူတို့ကိုလက်နက် နဲ့ မဖြေရှင်းဖို့ကျနော်ပြောခဲ့တယ် သူတို့ကိစ္စထဲကျနော်ဝင်မပါခဲ့ဘူး
” လို့ ဆိုပါတယ်။
အဆိုပါလုပ်ကြံမှုအတွင်းအခြားသောလက်နက်ကိုင်အဖွဲ့အစည်းမှလက်နက်ခဲယမ်းများတပ်ဆင်ပေးကြောင်းကိုလည်း ကိုပါကြီး နဲ့ ကိုဘီးလူးတို့က မျက်မြင်တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ Generation Z Army (GZA) နဲ့ယောကာကွယ်ရေးတပ်(YDF)အားလုပ်ကြံသူများနဲ့စပ်လျဉ်းကြံစည်သူများကိုတရားဥပဒေအရ ပြည့်ဝစွာအရေးယူသွားမှာဖြစ်ကြောင်းကိုလည်း အသိပေးထုတ်ပြန်ထားပါတယ်။
0 Comments