Hot Posts

6/recent/ticker-posts

KKpark ငွေလိမ်ခြံဝင်းက ထွက်ပြေးလာတဲ့ နိုင်ငံခြားသားစစ်ဆေးမှုတွေကိုအပြီးသတ်လုပ်ဆောင်ပြီး နေရပ်ရင်နိုင်ငံပြန်ပို့ရန် စီစဉ်နေ

 KKpark ငွေလိမ်ခြံဝင်းက ထွက်ပြေးလာတဲ့ နိုင်ငံခြားသားစစ်ဆေးမှုတွေကိုအပြီးသတ်လုပ်ဆောင်ပြီး နေရပ်ရင်နိုငိငံပြန်ပို့ရန် စီစဉ်နေ


By - People's Radio Myanmar
Date - 4 November 2025

ထိုင်းအာဏာပိုင်တွေ KKpark ငွေလိမ်လုပ်ငန်းကနေ နယ်စပ်ဖြတ်ကျော်ထွက်ပြေးလာတဲ့ နိုင်ငံခြားသား ၁၅၉၈ ဦး ရဲ့ နေရပ်ရင်းနိုင်ငံတွေဆီ ပြည်နှင်ပြန်ပို့ဖို့ စစ်ဆေးမှတ်တမ်းယူတဲ့လုပ်ငန်းစဉ်တွေကို နိုဝင်ဘာလ ၄ရက်နေ့မှာအပြီးသတ်လုပ်ငန်းလုပ်ဆောင်နေတယ်လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနထုတ်ပြန်ချက်များ အရသိရပါတယ်။

အဲ့ဒီလို နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသူတွေကို လက်ခံတဲ့ကိစ္စကို နိုဝင်ဘာလ ၂ရက်မှာ ထိုင်းအာဏာပိုင်တွေက ရပ်ဆိုင်းလိုက်ပြီး နောက်ပိုင်း ဒီကနေ့ ၄ ရက်နေ့မှာ စီစစ်မှတ်တမ်းယူတာကို အပြီးသတ်လုပ်ကိုင်နေတာပါ။

" မဲဆောက်ဘက် ရောက်လာတာ ၁၅၀၀ ကျော်ပေါ့နော်၊ တံတား၂ ၊‌ တောမာင်းရုံး၊ မြိုနယ်ခန်းမ၊ နယ်ခြားစစ်တပ် အဲ့ဒီ ၄ နေရာမှာလူခွဲပြီး ယာယီထားထားတာပေါ့နော် ‌‌‌‌‌‌‌‌‌‌‌‌‌‌၊ အဲ့ထက်ထပ်ပြီး လက်မခံတော့ဘူး ၊ နောက်ထပ်ထပ်ကူးလာတာမိရင် ထိုင်းကဖမ်းပြီးအရေးယူမယ်ကြားတယ်" လို့ ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်တဲ့စကားပြန်လုပ်ကူသူက ပြောပါတယ် ။

အခုလတ်တလော မဲဆောက်မြို့ဘက်အခြမ်းမှ ထိုင်းစစ်တပ်နှင့် အာဏာပိုင် အဖွဲ့အစည်းတွေ စစ်ဆေးစောင့်ကြည့်နေပြီး မြန်မာဘက်က ထိုင်းနိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူတွေကို ဖမ်းဆီးပြီး နယ်စပ်ခိုးဝင်သူအဖြစ်အရေးယူရန် ရဲမှုခင်းအဖြစ်သတ်မှတ်ဆောင်ရွက်တော့မယ်လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက နိုဝင်ဘာ၂ ရက်ကထုတ်ပြန်ထားပါတယ်။


ဓါတ်ပုံ − မဲဆောက်လူဝင်မှုကြီးကြပ်ရေးဌာန

Post a Comment

0 Comments