ထားဝယ်မှာ စစ်ကူလာတဲ့ စစ်သား ၄ ဦးလက်နက်နဲ့အတူ ဖမ်းမိ
3 September , By - သူတိုးစံ
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ကျောက်မဲတောင်မှာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၄ ဦးကို လက်နက်ခဲယမ်းနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ရေးဘီလူးတပ်ရင်းကနေ သိရပါတယ်။
ဒီကနေ့မနက်ပိုင်းမှာ စစ်အုပ်စုနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ ကျောက်မဲတောင်အနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စုတပ်ဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီးရမိခဲ့တာပါ။
စစ်အုပ်စုတပ်ဖွဲ့ဝင်လေးဦးကို KNLA အထူးဗျူဟာ (၂) တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။
“ကျောက်မဲတောင် စခန်းအင်အားဖြည့်ပါ၊ လက်နက် ၄ လက်၊ ခဲယမ်းတွေနဲ့ အပြည့်အစုံမိတာပါ” လို့ ရေးဘီလူးတပ်ရင်းခေါင်းဆောင်က ပြောပါတယ်။
ဖမ်းမိထားတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင် ၄ ဦးကို KNLA က ထိန်းသိမ်းထားပြီး အသေးစိတ်ကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး KNU တပ်မဟာ (၄) ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားကို ဆက်သယ်မေးမြန်းထားပေမယ့် လက်ခံဖြေကြားပေးခြင်း မရှိသေးပါဘူး။
လက်ရှိ ထားဝယ်ခရိုင်အတွင်း မြို့နယ်တွေမှာ စစ်ကော်မရှင်လက်အောက်ခံတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုဘက်က တပ်ဖွဲ့တချို့က တော်လှန်ရေးတပ်များထံ လက်နက်ချ အလင်းဝင်တာတွေ ခပ်စိပ်စိပ်ရှိလာတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သတင်း - People’s Radio Myanmar
ဓါတ်ပုံ - ရေးဘီလူး (Facebook)
ပုံစာ - ဖမ်းမိတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်လေးဦးနဲ့ လက်နက်ခဲယမ်းများ
0 Comments