လေးကေ့ကော်စစ်ဘေးရှောင်တွေ တစ်ထောင်ဝန်းကျင်အထိတိုးလာပြီး စား ေသာက်စရာနေရာထိုင်ခင်း အရေးပေါ်လိုအပ်နေ
−
By − People's Radio Myanmar
Date - September 10, 2025
ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက်လေးကေ့ကော်မြို့သစ်ဒေသဘက်သို့ စက်တင်ဘာ ၇ရက်မှ အကြမ်းဖက်စစ်ကောင်စီတပ်များရောက်ရှိစစ်ကြောင်းထိုးလာသည့်အတွက်ကျေးရွာ ၇ရွာ ခန့်မှ ဒေသခံ များ ထိုင်းမြန်မာနယ်စပ်သောင်ရင်းမြစိအနီးပလော့တပို့ယာယီစစ်ဘေးရှောင်စခန်းနေရာသို့အစုလိုက်ရောက်ရှိလာမှုလူဦးရေတစ်ထောင်ဝန်းကျင်အထိရောက်ရှိလာနေပြီးအမိုးအကာနေရာထိုင်ခင်းမရှိသေးသည့်အတွက် မိုးရွာနေချိန်အတွင်း ခိုလှုံ နေထိုင်စားသာက်စရာအခက်အခဲကြုံနေရကြောင်းသိရှိပါသည်။
" ၃ရက်ရှိပြီပြေးလာနေကြတာ၊ တောင်ပါ် ရွာတွေမနေရဲတော့ဘူးလေ၊ စစ်တပ်ရောက်နေပြီဆိုတော့၊ အခုကနိုဖိုး၊ ထီးမူးထ၊ ကွင်းကလေးဘက်နဲ့ လေးကေ့ကော်၄ရွာ ပေါင်းရင် ၇ရွာလောက်ကအရင်ရက်က တော့ ၃၀၀ကျော်ပေါ့ အခု ရက်ကထပ်ရောက်တာနဲ့ဆို ၁၀၀၀ နီးနီး ရှိ နေပြီ၊ ဘာမှ သိပ်မပါကြဘူး ၊အမိုး တာလပတ် တွေ တဲထိုးဖို့ လိုတယ်၊ စားဖို့လည်းချက်ဖို့နေရာပြန်လုပ်ရမယ်၊လေယာဉ်ကလည်းလာလာဝဲတော့ တောင်ယာကွင်းစပ်တွေမှာ မိုးရွာထဲနေနေရတုန်းဘဲ "ဟု ပလော့တပို့စစ်ဘေးရှောင်စခန်းတာဝန်ရှိသူတစ်ဦးက ပြောပါသည်။
ထိုသို့ စစ်ဘေးရှောင်မိသားစုများ အစုလိုက်ရှောင်တိမ်းလာမှုအပေါ်လက်ရှိထိုင်းနိုင်ငံရောက်နိုင်ငံရေးတက်ကြွလှုပ်ရှားသူအင်အားစုများ၊ ကရင်အရပ်ဖက်ကူညီသူအစုအဖွဲ့များမှ ပေးပို့လှုဒါန်းသည့်စားသောက်စရာအမိုးအကာများအားမျှဝေအသုံးပြုပြီး စစ်ဘေးရှောင်စခန်းတာဝန်ရှိသူများမှ ယာယီနေရာချထားပေးထားကြောင်းသိရှိရသည်။
" ကျနော်တို့ကတော့မဲဆောက်ကနေရသလောက် စားစရာ၊ ရသလောက်တာလပတ်အမိုးတွေလိုက်ဝယ်စုပြီးပို့ပေးနေတယ် ၊အခုစစ်တပ်စစ်ကြောင်းက လေး ေက့ကာ်နားတိုးဖို့ လုပ်နေတော့လူတွေထပ်ရှောင်လာတာမှာမိုးရေထဲဖြစ်နေတော့အမိုးတာလပတ်စတွေထပ်လိုနေတယ်၊ အရေးပေါ် အခြေအနေရုတ်တရက်ကြီးဆိုတော့လူတွေမိသားစုလိုက်ဘဲလွတ်အောင်ရှောင်လာတယ်ဆိုတော့ ဘာမှမပါကြဘူး" ဟု မဲဆောက်ရောက် စစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောပါသည်။
အဆိုပါ အကြမ်းဖက် စစ်တပ်စစ်ကြောင်းများမှာမဲကနယ်၊ တုံးတံတားကျေးနယ်နေရာ၊ နိုဖိုး၊ ထီးမူးထနေရာနှင့် မယ်ထော်သလေးကျေးရွာ၊ မေတ္တာလင်းမြိုင်ကျေးရွာနေရာများဘက်မှ ဖလူး၊ လေးကေ့ကော်၊ ဝေါလေလမ်းပိုင်းဘက်သို့ နယ်မြေရှင်းလင်းသည့် ထိုးစစ်ဆင်တိုက်ခိုက်ရန်စစ်ရေးလှုပ်ရှားမှုများရှိ လာနေသည့်အတွက် KNLA မဟာမိတ်စစ်ကြောင်းများနှင့် စစ်ရေးတင်းမာမှုဆက်ရှိနေကြောင်းသိရှိရပါသည်။
0 Comments