အကြမ်းဖက်စစ်တပ်က အာရှလမ်းကို ပြန်ဖွင့်ဖို့ စစ်ကူထပ်တိုးပို့ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေ
_By − People's Radio Myanmar
Date - September 11, 2025
ကရင်ပြည်နယ် ကျုံဒိုးမြို့ကနေ မြဝတီမြို့အထိ အာရှလမ်းမကို စစ်ဆင်နေတဲ့အကြမ်းဖက်စစ်တပ်တွေကို KNLAမဟာမိတ်ပူးပေါင်းတပ်တွေ ဖြတ်တောက်တိုက်ခိုက်နေလို့ စစ်ကူထပ်တိုးပို့ဆောင်ပြီးလက်နက်ကြီးပစ်ကူအားကိုးနဲ့တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ကျုံဒိုးစစ်ရေးနယ်မြေသတင်းအရင်းအမြစ်ကပြောပါတယ်။
" အခု ဒီနေ့ဆို နောင်တမံ၊ ကော့ခိုက်၊ အင်းကြီး၊ ကျုံဘိုင်း၊ လှိုင်စိမ်း၊ မိချောင်းအင်းဘက်တွေကို လက်နက်ကြီး ဟောင်ဝှစ်ဇာပစ်တယ်၊ မစ်ဇိုင်းအစုံဘဲ ကျုံဒိုး၊ ၄၅၄/၅၄၆တပ်နဲ့ ကော့ကရိတ်လှိုင်ဝ၊ ၉၇ တပ်တွေက ဆက်တိုက်ပစ်နေတာ၊ ကျုံဒိုးကို စစ်ကားအလုံပိတ်သံပြားကာ ကားကြီးတွေနဲ့ စစ်ကူရော ခဲယမ်းရောဝင်နေတယ်၊ သူတို့လမ်းဖွင့်လို့မရအောင် ဒီဘက်ကကရင်အဖွဲ့တွေ တိုက်နေတယ်" ဟု စစ်ရေးသတင်းအရင်းအမြစ်ကပြောပါသည်။
အဲ့ဒါအပြင် ကော့ကရိတ်လမ်းဟောင်းဘက်၊ အာရှလမ်းဘက်မှာလည်း စစ်တပ်စစ်ကြောင်းတွေအထိနာနေလို့ လေကြောင်းဗုံးကြဲတာတွေနဲ့ မြေပြင်တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။
" စစ်တပ်၂၇၅ တပ်ကနေ ညီနောင်ဘက်ကို ၊ PCတို့၊ BGFတို့ သယ်ပေးလို့စစ်ကြောင်းရောက်သွားတဲ့ စစ်တပ်တွေကို ဒေါနတောထဲ တောင်ထဲမှာ ပိတ် တိုက်နေတာဘဲ၊ ပေါလာ၊ ခြေတော်ရာဘက်တွေ လေယာဉ်နဲ့ လာကြဲနေတာဘဲ၊သူတို့လမ်းပြန်ပွင့်ဖို့ဘယ်လိုမှမရသေးဘူး" လို့ သင်္ဃာန်းညီနောင်စစ်ရေး နယ်မြေသတင်းအရင်းအမြစ်ကပြောပါတယ်။
အဲ့ဒီလို ၂ဖက် တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေပေမယ့်အကြမ်းဖက်စစ်တပ်က ဗေဒင်ယတြာသဘောအရ စက်တင်ဘာ ၉ရက်က လမ်းပြန်ဖွင့်ဖို့ ကြိုးစားတာမအောင်မြင်ခဲ့တာကို အခု ၁၆ ရက်ကို နောက်တစ်ခါ ယာဉ်လမ်းဖွင့်နိုင်ဖို့ထပ်ပြီးကြိုးစားတိုက်ခိုက်နေတာလို့ စစ်တပ်နဲ့ နီးစပ်တဲ့ ကုန်သည်တွေက ပြောပါတယ်။
0 Comments